အခန်း(၂၁၆) ဒါ အမှန်ပဲ-၂
စုယာယာ၏မျက်နှာဟာ နီရဲသွားပြီး ရှက်ဝဲဝဲဖြင့် ပြော၏။
"ပါး.. ယာယာတို့ အဲ့အကြောင်း မပြောလို့မရဘူး လား? ဒီတိုင်း ယာယာရဲ့Agritourismကိုပဲ အာရုံစိုက် ချင်ပါတယ်.. ပိုက်ဆံအလုံအလောက်ရပြီဆိုတာနဲ့ ပါးတို့ ကို ခရီးလိုက်ပို့မယ်.. ပါးပါးတို့ ဥရောပကို အရမ်းသွား ချင်တယ်ဆိုတာ သမီးသိတယ်..အဲ့သွားဖို့ ယာယာစီစဉ် ပေးမယ်"
စုပါးပါးက တဟားဟားရယ်နေသည်။
"ဟုတ်ပါပြီ.. အခွင့်အရေးရတဲ့အခါ ဥရောပကို သွား ပြီးလည်ပတ်ကြတာပေါ့"
စုမားမားက ပြော၏။
"ကျွန်မ အီဖယ်(လ်)တာဝါကိုသွားကြည့်ပြီး Seine မှာ ကော်ဖီသောက်ချင်တယ်"
စုယာယာက သူမကို ဖက်ကာ ပြောနေသည်။
"ရတာပေါ့..အဲလိုလုပ်ကြမယ်.. အခုပဲ အစီအစဉ်ဆွဲ ပြီးသွားဖို့ အချိန်ရွေးကြတာပေါ့.. ဘယ်လိုလဲ?"
စုမားမားက ပြုံးနေကာ ခေါင်းညိတ်ပြ၏။
"အင်း.. အခုကို အရမ်းတွေ စိတ်လှုပ်ရှားနေပြီ"
စုပါးပါးကတော့ အများကြီးပို၍ ငြိမ်ဆိမ်ပြီး ပေါ့ပေါ့ ပါးပါးသာ စကားဆိုသည်။
"အင်း, သမီးမှန်တယ်.. အခုတော့ Agritourismကို ကောင်းကောင်းလည်ပတ်ဖို့ အာရုံစိုက်ရမယ်.. ပိုက်ဆံ ရှာပြီးတဲ့နောက် သွားလည်ကြမယ်.. မနက်ဖြန် Agrito -urismမှာ ဘာလုပ်ရမလဲဆိုတာ တွေးပါရစေဉီး"
စုယာယာသည် စိတ်အားထက်နေသော စုမားမား အား ရယ်ပြီး ပြောလိုက်ချင်ပါသည်။ သူမရဲ့ငွေစု အကောင့်ထဲရှိပိုက်ဆံဟာ သူတို့အား ဥရောပသို့အကြိမ် များစွာလိုက်ပို့ဖို့ လုံလောက်တယ်ဆိုတဲ့အကြောင်း။ သို့ သော်လည်း စုမားမားရဲ့တက်ကြွနေသည့်ပုံကို မြင်တော့ သူမရဲ့ခံစားချက်လေးကို မဖျက်ဆီးချင်တော့ပေ။ ထို့ ကြောင့် စုမားမားနှင့်အစီအစဉ်တွေ စဆွဲလိုက်၏။
ညရောက်တော့ စုယာယာ ရေချိုးခန်းသုံးဖို့ ထွက် လာခဲ့ပြီး ဘေးအခန်းက လှုပ်ရှားမှုတစ်ချို့ကို ကြားလိုက် မိသည်။ စုမားမားနှင့်စုပါးပါးတို့ နိုးနေကြတုန်း ထင်ပါ သည်။
