စာစဉ် ၁၂ ဤတွင်စသည်။
အခန်း(၂၇၆)နာမကျန်းမှု-၂
"သမီး ပြန်ပြီနော်"
စုယာယာသည် သူ့ကိုထပ်ကြည့်၍ ပြန်လှည့်လာ၍ ခြေလှမ်းအနည်းငယ်ခန့် လျှောက်ပြီး နောက်ပြန်မကြည့် ဘဲမနေနိုင်။ ဆေးရုံခန်းထဲက ထွက်မလာခင် နှုတ်ဆက် လိုက်သေး၏။
စုယာယာသည် ဆေးရုံခန်းထဲမှ ထွက်လာခဲ့ပြီးဓာတ် လှေကားကိုသုံးကာ ကားပါကင်မှကားရှိရာဆီသို့ ဆင်း လာခဲ့သည်။ ကားထဲမှာ ခဏလောက်ထိုင်နေခဲ့ပြီး သူမ ရဲ့အိတ်ကို ဖွင့်၍ ချန်ရှုံ့ချီဆီ ဖုန်းဆက်လိုက်သည်။ ချန်ရှုံ့ ချီက ဖုန်းမကိုင်။ အတော်လေးအလုပ်များနေလို့နေမယ်။
သူမက ဒရိုက်ဘာကို 'ချန်အုပ်စုဆီမောင်းဖို့' ပြော ၏။
ဒရိုက်ဘာသည် ကားစက်နှိုး၍ ချန်အုပ်စုဝင်ပေါက် ရဲ့ရှေ့ထိ မောင်းပေးသည်။ စုယာယာက ကားထဲကနေ ဆင်း၍ အထဲဝင်သွားသည်။ ဧည့်ကြိုဝန်ထမ်းလေးသည် စုယာယာ လာတာကို မြင်တော့ အမြန်ထကြိုဆို၍ သူမ အတွက် ဓာတ်လှေကားဖွင့်ပေးပြီး အပေါ်ထပ်သို့ ပို့ ဆောင်ပေး၏။
သူမ ၂၆လွှာသို့ တန်းသွားလိုက်ပြီး ဓာတ်လှေကား ထဲမှထွက်၍ ချန်ရှုံ့ချီ၏ရုံးခန်းဆီ အသွားမှာ ချန်ရှုံ့ချီနှင့် ဆုံခဲ့သည်။
"ရှုံ့ချီ"
ချန်ရှုံ့ချီသည် သူမကို မြင်သောအခါ သူမဆီ အမြန် လျှောက်လာပြီးမေးသည်။
"ဘယ်လိုဖြစ်လို့ ဒီရောက်နေတာလဲ? ဘာဖြစ်လို့ ကိုယ့်ကို ကြိုပြီးဖုန်းမဆက်တာလဲ?"
စုယာယာက ပြောသည်။
"ဖုန်းဆက်တယ်.. ကိုက မကိုင်တာ"
ချန်ရှုံ့ချီက ချက်ချင်းပဲဖြေရှင်းချက်ပေးလာ၏။
"ကိုယ် ခုလေးတင်မှ အစည်းအဝေးပြီးခဲ့တာမို့"
စုယာယာသည်လည်း ထိုကဲ့သို့ ဖြစ်မည်ဆိုတာကို ခန့်မှန်းမိခဲ့ပြီး သိပ်အများကြီးတွေးမနေပါ။ သူမ ပြော သည်။
"ခုပဲ ကို့ပါးပါးဆီ ဆေးရုံကို သွားတွေ့ပြီးပြန်ခဲ့တာ .. ပါးနဲ့ စကားခဏပြောခဲ့သေးတယ်"