Chapter 184 (U&Z)

1K 81 2
                                    

Unicode

အခန်း(၁၈၄)

ဖြည်းဖြည်းချင်း သူမရဲ့အစေခံဝတ်စုံကို ချွတ်လိုက် စဉ် အတွင်းထဲရှိ ဆွဲဆောင်မှုရှိသောအနက်ရောင် အတွင်းဝတ် ပေါ်ထွက်လာခဲ့သည်။ ထိုအလွှာပါးလေးကို ချွတ်ချလိုက်ပြီးနောက် နောက်ဆုံးအနေနှင့် အတွင်းခံ ဘောင်းဘီလေးတစ်ထည်သာ ရှိတော့၏။ ကိုယ်လုံးတီး ဖြစ်သွားခဲ့ပြီ။

သူမလေး၏ညှို့ဓာတ်ရယ် ဆွဲဆောင်မှုပြင်းအားနှင့် ဆို မည်သည့်ယောက်ျားမျိုးမှ တောင့်ခံနိုင်စွမ်းရှိမည် မဟုတ်။ ချန်ရှုံ့ချီသည်လည်း ချွင်းချက်မဟုတ်ခဲ့ချေ။ ဆာလောင်နေသော ဝံပုလေးတစ်ယောက်အလား သူမ လေးပေါ် ခုန်အုပ်ချလိုက်တော့သည်။

စုယာယာကို အိပ်ရာပေါ်မှာဖိထားပြီး သူမကတီးတိုး ညည်းသံပြုလာသည်။ ချန်ရှုံချီသည် ချက်ချင်းပင် ခေါင်း ငုံ၍ သူမကို ကိုက်တော့သည်။ သူ၏လည်ချောင်းထဲမှ အက်ရှရှအသံနှင့် စကားလုံးအချို့ကို ညစ်ထုတ်လာ၏။

"မင်း တောင်းဆိုခဲ့တာပဲလေ.. ကိုယ့်ကို မြူဆွယ်ဖို့ မင်းကို ဘယ်သူကပြောလို့လဲ? ဒီအတွက် မင်းတာဝန် ယူရတော့မယ်"

သူသည် ဒီပါးလျသောအတွင်းဝတ်လေးကို လုံးဝ မညင်သာနိုင်တော့ပေ။ အားပြင်းလွန်းလို့ အိမ်ကိုတောင် ပြိုနိုင်စေလောက်၏။

ဒီနေ့ညမှာတော့ ချန်ရှုံ့ချီသည် ရူးနှမ်းကြမ်းတမ်းလှ သော သားရဲကောင်ကြီးဖြစ်ပြီး စုယာယာမှာ တစ်စက် ကလေးမှပင် ကောင်းကောင်းမအိပ်စက်ခဲ့ရပေ။ ချန်ရှုံ့ချီ ပြောခဲ့သည့်အတိုင်းပင်။ သူမရဲ့အပြုအမူတွေအတွက် သူမ တာဝန်ယူခဲ့ရသည်။

မနက် နေထွက်လုလုအချိန်မှ ချန်ရှုံ့ချီတစ်ယောက် ရပ်သွားခဲ့သည်။ သူက စုယာယာကိုဖက်ထားပြီး ချွေး တွေနှင့် စီးကပ်နေသော သူမရဲ့ဆံနွယ်တို့ကို ပွတ်သပ် နေသည်။ သူမရဲ့နားအနီးသို့ တိုးကပ်ကာ ညင်သာစွာ စကားဆိုခဲ့၏။

"အိပ်တော့, ကိုယ် ရပ်ပေးပါတော့မယ်"

စုယာယာမှာတော့ ပင်ပန်းလွန်းလို့ မျက်လုံးတောင် မဖွင့်နိုင်တော့ချေ။ ဘာရယ်မသိ တတွတ်တွတ်ရေရွတ် ပြီး နောက်စက္ကန့်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား တော့၏။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Donde viven las historias. Descúbrelo ahora