Unicode
အခန်း(၁၉၃)အိမ်မက်ဆိုး-၃
"အူးဝါး......."
စုယာယာ နာကျင်လွန်းလို့ ငိုချလိုက်ချင်သည်။ သူမ ရေခဲမုန့် ဘူးကြီးလေးတစ်ဘူး မြိုခဲ့ရုံလောက်ပဲမလား? ဘာဖြစ်လို့ လောကကြီးက သူမကို ဒီလိုဆက်ဆံရတာ လဲ? ရေခဲမုန့်ကတောင် သူမကို အနိုင်ကျင့်နေတယ်။
အကြိမ်ပေါင်းများစွာ သန့်စင်ခန်းဆီ ပြေးရပြီး နောက်မှာတော့ ဒီလိုလုပ်နေလို့မဖြစ်တော့ဘူးလို့ တွေး လိုက်မိ၏။ အကူအညီခေါ်ဖို့ သူမဆုံးဖြတ်ခဲ့သည်။ အူရောင်တယ်ဟု ထင်တာကြောင့် ဆေးရုံသွားမှရပေ မည်။
စုယာယာသည် သူမ၏လက်ချောင်းနှင့် ဖုန်းစခရင် ကို ဖွင့်လိုက်၏။ သူမ၏ Call-listထဲရှိ ပထမဆုံးနေရာ မှာ ချန်ရှုံ့ချီ၏နာမည် ရှိနေပေသည်။ သူ၏နာမည်ကို မြင်လိုက်ရသောအခါ သူမကြောင်အသွားခဲ့မိ၏။ လက် ချောင်းများက ရပ်တန့်သွားကာ နောက်ကိုပြန်ထွက်၍ အရေးပေါ်နံပါတ် ၁၂၀ကို နှိပ်လိုက်တော့သည်။ ပြီး သည်နှင့် သူမ၏လက်ထောက် သွမ့်ရှောင်ယွီကိုလည်း ဖုန်းဆက်ခေါ်လိုက်၏။
ကံအားလျော်စွာဖြင့် သွမ့်ရှောင်ယွီသည် သူမတို့ အိမ်၏အနီးရှိဈေးဝယ်စင်တာမှာ ရှိနေခဲ့သည်။ သူမ၏ ဖုန်းခေါ်ဆိုမှုကို ရရှိသောအခါ တဒင်္ဂမှတုံ့ဆိုင်းမနေဘဲ သူမကို စောင့်ရှောက်ပေးဖို့ ချက်ချင်းလာခဲ့မည်ဖြစ် ကြောင်း ပြော၏။
"ရှောင်ယွီ ကျေးဇူးပါ"
စုယာယာက ဖုန်းထဲမှာ ကျေးဇူးတင်စကားဆိုလိုက် ၏။
သွမ့်ရှောင်ယွီက ပြောသည်။
"အစ်မယာယာ, အရင်ဆုံး ဖုန်းချလိုက်မယ်နော်.. ဘာမှ မကြောက်နဲ့သိလား.. ခုချက်ချင်း လာနေပြီ"
ထိုစဉ်ခဏ သွမ့်ရှောင်ယွီ၏ထိုစကားကို ကြား လိုက်ရစဉ်မှာ စုယာယာ ရင်ထဲထိလွန်းလို့ ငိုတောင် ငိုချင်သွားသည်။
သွမ့်ရှောင်ယွီ စုယာယာဆီ ရောက်လာခဲ့ပြီး သိပ် မကြာခဲ့ခင် လူနာတင်ယဉ်ရောက်လာခဲ့၏။ သွမ့်ရှောင် ယွီသည် လူနာတင်ယာဉ်ရောက်လာသည်အထိ စုယာ ယာနှင့်အတူနေပေးခဲ့ပြီး ဆေးရုံသို့လိုက်လာပေးခဲ့သည်။