အခန်း(၃၁၆)နောက်တစ်ကြိမ် ဖခင်ဖြစ်ခြင်း-၂
သူတို့အားလုံး အိမ်ထဲပြန်ဝင်လာခဲ့ကြ၏။ စုယာယာ သည် ချောင်ချောင်ကို မတွေ့သည်ဖြစ်ရာ စုမားမားကို မေးသည်။
"ချောင်ချောင်ရော"
စုမားမားက ပြောသည်။
"ချောင်ချောင်အိပ်နေပြီ.. သူမနက်ဖြန် မူကြိုတက်ရ တော့မှာလေ"
စုယာယာသည် ဆိုဖာပေါ်ကနေ ထလာပြီး
"သားကို သွားကြည့်လိုက်ဉီးမယ်.. သားနဲ့ မတွေ့ရ တာ အရမ်းကြာနေတော့ လွမ်းလို့"
ချန်ရှုံ့ချီက အမြန်ထလာပြီး သူမကို လာကူပေးသည် ။သူမရဲ့လှုပ်ရှားမှုကနေ တစ်ခုခုဖြစ်သွားမှာစိုးကာ
"ကိုလည်း ချောင်ချောင်ကို ကြည့်ချင်တယ်.."
စုယာယာလိုပင် ချန်ရှုံ့ချီလည်း တစ်နေကုန် ကလေး ကို မတွေ့ရသေးပေ။
သူတို့နှစ်ဉီး ချောင်ချောင်ရဲ့အခန်းဆီ အတူသွားခဲ့ကြ သည်။ ကုတင်အကြီးကြီးပေါ်မှာ ချောင်ချောင်ကတော့ အိပ်ပျော်နေသည်။ ချောင်ချောင်ကို ညဝတ်အင်္ကျီအတို လေး ဝတ်ပေးထားပြီး အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့ပုံ မှာ ပါပီလေးလိုပင်။ ဖင်တုံလေးက အပေါ်သို့မြောက် တက်နေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့နေပေသည်။
စုယာယာကသူ့ကို စောင်ပါးပါးလေး ခြုံပေး၏။ သူ မှောက်အိပ်နေရာကို ကြည့်ပြီး သူမ မပြုံးဘဲမနေနိုင်ချေ။ ခေါင်းကို စောင်းကာ ချန်ရှုံ့ချီကို စကားလှည့်ပြော၏။
"သားက မှောက်အိပ်ရတာကို ဘာကြောင့်ကြိုက် တယ်လို့ ထင်လဲ? ယာယာကတော့ ကလေးကတည်းက မှောက်အိပ်ရတာကို မကြိုက်ပါဘူး.. ကိုနဲ့တူတာလား?"
"ကိုကလည်း ကလေးတုန်းက မှောက်အိပ်ရတာ မကြိုက်ပါဘူး.. အချစ်ဆီက ပါလာတယ်လို့ထင်တာပဲ.. တစ်ခါတစ်ခါအချစ်အိပ်တဲ့ပုံစံက ကြည့်လို့မကောင်းဘူး"
ချန်ရှုံ့ချီသည် စုယာယာရဲ့စကားကို ပြန်ပြောပြီး သားဖြစ်သူ၏ဖင်တုံလေးကို ကြည့်လိုက်သည်။ စိတ်ထဲ တစ်ချက်လောက် ရိုက်ချင်စိတ်ပေါ်လာ၏။ သို့သော် ချောင်ချောင်ကို နိုးသွားစေပြီး ဆိုးဆိုးဝါးဝါးထငိုရင် စု ယာယာက သူ့ကို အပြစ်တင်တော့မှာကို တွေးလိုက်မိ ၏။ သူ့ဇနီးက မိသားစုရဲ့ဘော့စ်ပဲ။ ဒါကြောင့် သူ့ဇနီးကို စိတ်မတိုစေရန် အလို့ငှာ ချောင်ချောင်၏ဖင်တုံလေးကို အသာလေးသာ ထိလိုက်၏။