အခန်း(၁၆၃)လျှင်လွန်းသောစီးပွားရေးသမား-၁
စုယာယာသည် တောင်တွေးမြောက်တွေး အကုန် လျှောက်တွေးနေကာ ချန်ရှုံ့ချီ, ရွှီချောင်ရန်နှင့် အန်ယွီ ထုန်တို့ သုံးဉီးဆုံသည့်မြင်ကွင်းကို မြင်ယောင်ကြည့်နေ ၏။ သူမ အန်ယွီထင်၏အမျိုးသမီး ဇာတ်လိုက်ရောင် လျှံစက်ဝန်းကြောင့်သက်ပြင်းမောချမိလိုက်သည်။
ကံကောင်းစွာနှင့်ပင် စုယာယာ အကြာကြီးဝမ်းနည်း ပူဆွေးမနေမိသေးခင် သူမရဲ့ဖုန်းကတီးလုံးသံ မြည်လာခဲ့ ၏ ။သူမရဲ့အတွေးတွေကို နှောင့်ယှက်သွားလေပြီ။
ဖုန်းကို ကောက်ကိုင်ကြည့်လိုက်တော့ စုမားမား ဖြစ် နေခဲ့၏။
စုယာယာက ဖုန်းကို အမြန်ကိုင်လိုက်ကာ ပြော၏။
"မားမား"
စုမားမား၏ စိုးရိမ်ပူပန်နေသောအသံက ဖုန်း၏ တစ်ဖက်စီမှ ပဲ့တင်ထပ်လာ၏။
"ယာယာ, သမီးလေးတို့ရိုက်ကွင်းက စင်တစ်ခု ပြုတ်ကျလာပြီး သမီးထိခိုက်မိသွားတယ်လို့ ကြားလို့.. အဲဒါတကယ်လား? သမီးပါးပါးနဲ့မားမားတို့က နယ်ဘက် မှာဆိုတော့ သတင်းရတာနောက်ကျတယ်.. ဒီမနက်မှ သမီးရဲ့ယောင်းမဆီကနေကြားခဲ့ရတာ..နာနေသေးလား? ဒဏ်ရာပြင်းလား? မားနဲ့သမီးရဲ့ပါးတို့ ခုချက်ချင်း သမီး ဆီ လာဖို့ မြို့တော်ကို တက်လာခဲ့ရမလား?"
"မား..မား, ခဏလေးနေပါဉီး.. ခဏလေး"
စုယာယာက အလျင်စလို ပြောလိုက်ရ၏။
သောကများနေသောစုမားမားသည် သူမရဲ့စကား ကို နားထောင်ပြီးနောက် စိတ်ငြိမ်သွားခဲ့၏။ သူမက စိုးရိမ်တကြီး မေးလေသည်။
"ယာယာ,သမီးလေး အဆင်ပြေရဲ့လား?"
စုယာယာ ပြန်ဖြေသည်။
"သမီးအဆင်ပြေပါတယ်..နောက်ပြီး ထိလည်း မထိ ခိုက်ပါဘူး.. စိတ်မပူနဲ့နော်"
သူမ ဒဏ်ရာရသွားကြောင်း သူမရဲ့မိဘတွေကို ပြောမပြချင်ပါ။ သူတို့နှစ်ဉီးသည် အဝေးမှာနေနေကြပြီး သူတို့ကို အလွန်အမင်း မစိုးရိမ်စေချင်ပါ။ သူမရဲ့မိဘ တွေနှင့် နှစ်ပေါင်းများစွာခွဲနေလာခဲ့ပြီး သူမရဲ့နေ့စဉ်ဘဝ အကြောင်း ကောင်းတာတွေသာပြောပြီး မကောင်းတာ တွေကို ချန်ထားခဲ့လေ့ရှိသည်။ ထို့ကြောင့် သူတို့ မစိုးရိမ်နေစေဖို့ရာအလို့ငှာ သူမ တမင်လိမ်ပြောခဲ့သည်။
![](https://img.wattpad.com/cover/347716107-288-k345490.jpg)