Chp 223(U&Z)

1.1K 90 2
                                    

Unicode

အခန်း(၂၂၃) အလောင်းအစားလုပ်ရအောင်-၁

"ယာယာ"

ချန်ရှုံ့ချီသည် သီးသန့်ခန်းထဲမှာ ရွှင်ပြမြူးထူးစွာ ပြုံးရယ်နေသောစုယာယာအား လှမ်းခေါ်လိုက်၏။

စုယာယာက ခေါင်းမော့လာပြီး ချန်ရှုံ့ချီ၏ ခန့်ညား ပြီး နွမ်းလျနေသောမျက်နှာချောချောနှင့် မျက်လုံးချင်း စုံမိသည်။ သူမ၏အပြုံးက ချက်ချင်းတောင့်တင်းသွား ပြီး လက်ဖျားများတုန်လာ၏။ မာကျောက်အပုံအား မတော် တဆ မြေကြီးပေါ်တိုက်ချမိသလိုဖြစ်ကာ အသံများ ထွက်ပေါ်လာစေတော့ သည်။

"ဒီ ဘယ်လိုလုပ် ဘယ်လိုလုပ် ရောက်နေတာလဲ?"

စုယာယာဟာ ချန်ရှုံ့ချီကိုစိုက်ကြည့်နေပြီး အတော် လေးကြာမှ အသံထွက်လို့ရသွားသည်။ အတော်လေး မယုံကြည်နိုင်ဖြစ်ပြီး ကြောက်ကြောက်နှင့်မေးသည်။

"နိုင်ငံခြားမှာ မဟုတ်ဘူးလား?"

ချန်ရှုံ့ချီက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွား သည်။ ခေါင်းကိုငုံ၍ သူမကိုကြည့်ကာ မေးလိုက်သည်။

"ဒီလိုအခြေအနေတောင် ဖြစ်နေခဲ့ပြီကို ကိုယ့်က ဘယ်လိုလုပ် ပြန်မလာဘဲနေနိုင်မှာလဲ?"

အကြောင်းပြချက်တစ်ချို့ကြောင့် ချန်ရှုံ့ချီဆိုလိုတာ ကို စုယာယာ ချက်ချင်းနားလည်လိုက်သည်။ သူက သူမကိုယ်ဝန်ရှိနေသည့်အကြောင်း သူ့ကို မပြောပြတဲ့ အတွက် သူမကိုအပြစ်ဆိုနေတာ။ ပိုဆိုးတာက ဖျက်ချဖို့ ဆေးရုံအထိ သွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်အခြေအနေ ကြောင့် အိပ်ယာထဲလှဲမနေရတာ။

သို့သော် ထိုအရာက စုယာယာလည်း လိုချင်ခဲ့တာ မဟုတ်ပေ။ သူမကိုယ်ဝန်ရှိသည့်အကြောင်းကို သိခဲ့ရ သည့်နေ့ကတည်းက ဒီလိုဖြစ်လာလိမ့်မည်ကို သိထား ၏။ သူဆီမှ ဖုံးကွယ်ထားဖို့ မည်သို့ပင်ကြိုးစားပါစေ နောက်ဆုံးမှာတော့ ချန်ရှုံ့ချီဟာ သိသွားမှာပဲ။ အမှန် တရားကို ဖုံးကွယ်ထားဖို့မှတစ်ပါး သူမမှာလည်း လမ်း မရှိခဲ့ပေ။.. ထိုညီအစ်မနှစ်ယောက်နှင့်ချန်ရှုံ့ချီက သူမရဲ့ ကလေးလေးကို ခိုးသွားမှာစိုးလှပါ၏။ ဆင်ခြင်ဉာဏ်မရှိ သည့် ပေါက်ကရစိတ်ကူးတစ်ခုနောက် သူမ ဆေးရုံသို့ သွားခဲ့သည်။ ကံကောင်းစွာဖြင့် အလုပ်မဖြစ်ခဲ့လို့ပေါ့ ... ...။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now