Chapter 150(U&Z)

1.2K 100 3
                                    

Unicode

အခန်း(၁၅၀) ဒါပေမယ့် မင်းက ကိုယ့်မိန်းကလေးလေ-၂

ထို့ကြောင့် စုယာယာ အခန်းနံပါတ် ၉၀၁၆ သို့ သွား ကြည့်လိုက်၏။ သွမ့်ရှောင်ယွီသည် သူမရဲ့ခရီးဆောင် အိတ်တွေအကုန်လုံးကို အခန်းထဲသို့ ကူသွင်းပေးခဲ့ပြီး သူမရဲ့အလုပ်ပြီးစီးသွားပြီဟု မသတ်မှတ်ခင်အထိ သူမ အတွက် ရှင်းလင်းပေးသွားခဲ့သည်။

ခဏလောက် အနားယူပြီးနောက် စုယာယာက ချန်ရှုံ့ချီထံ နောက်တစ်ခါ ဖုန်းဆက်လိုက်၏။ ဒီတစ်ကြိမ် မှာတော့ သူက ဖုန်းကိုင်ခဲ့သည်။

"ရှုံ့ချီ, ယာယာ ဟိုတယ်ကို ရောက်ပြီ"

စုယာယာက ဖုန်းထဲမှတစ်ဆင့် ချန်ရှုံ့ချီကို ပြောပြ ၏။

ချန်ရှုံ့ချီက မေးသည်။

"အင်း.. ဟိုတယ်က ဘယ်လိုနေလဲ?"

စုယာယာက ပတ်ဝန်းကျင်အနေအထားကို လှည့် ပတ်ကြည့်သည်။ အဆင်ပြေတယ်လို့တော့ သတ်မှတ်လို့ ရပါသည်။ ထို့ကြောင့် သူမက သူ့ကို ပြောလိုက်၏။

"အဆင်ပြေပါတယ်.. ကို ကြည့်ချင်လား?"

"အာ့ဆို ဗီဒီယို ပို့ပေးခဲ့"

ချန်ရှုံ့ချီက ပြောပြ၏။

ထို့ကြောင့် စုယာယာက ဗီဒီယိုကောလ် ခေါ်လိုက် သည်။

"ဒါက အိပ်ရာ, ဒါက ဆိုဖာ, နောက်ပြီး ဟိုမှာက ပြတင်းပေါက်.. အဲဒါရဲ့ညာဖက်မှာက ရေချိုးခန်း ရှိမယ်.. နည်းနည်းတော့ ကျဉ်းပေမယ့် ယာယာ့တစ်ယောက်စာ တော့ အဆင်ပြေပါတယ်"

စုယာယာက ချန်ရှုံ့ချီအား အားလုံးမြင်ရအောင် အခန်းပတ်ပတ်လည်ကို လိုက်ပြပေးသည်။

ကြည့်လိုက်ပြီးနောက် ချန်ရှုံ့ချီက မျက်မှောင်ကြုတ် သွားခဲ့၏။

"အခန်းကတော့ အတော်လေး အဆင်မပြေတာပါ ကွာ.. သုံးရောသုံးနိုင်ရဲ့လား? မဟုတ်ရင်လည်း မင်း အတွက် ပိုကောင်းတဲ့အခန်း စီစဉ်ပေးဖို့ ဧည့်ကြိုဌာနကို ဖုန်းဆက်လိုက်မယ်.. ကိုယ်တို့ရဲ့ကိုယ်ပိုင်ပိုက်ဆံထဲက နည်းနည်းလောက် သုံးလိုက်တာကလည်း အဆင်ပြေပါ တယ်"

ထိုစကားကို ကြားလိုက်ရသောအခါ စုယာယာက ရယ်၏။ သူမက ချန်ရှုံ့ချီနှင့် ဗီဒီယိုကောလ်ပြောနေစဉ် အိပ်ရာပေါ်မှာ ခြေချိတ်ထိုင်နေခြင်းဖြစ်သည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now