Unicode
အခန်း(၂၀၄)အနုပညာလောကမှ နုတ်ထွက်ခြင်း-၂
ဖုန်းစခရင်ပေါ်မှာ တဖျက်ဖျက်လှုပ်နေသော ရွှီ ချောင်ရန်၏နာမည်ကို မြင်လိုက်ရပြီးနောက် မကိုင်ရ သေးခင် ခဏတော့ တုံ့ဆိုင်းနေခဲ့သည်။
"ဟယ်လို..."
"စုယာယာ, မင်း ဘာလုပ်နေတာတုန်း?"
စုယာယာ ဖုန်းကိုင်လိုက်ချင်းပဲ တစ်ဖက်မှ ရွှီချောင် ရန်၏ စိုးရိမ်ကြောင့်ကြနေသောအသံကို ကြားလိုက်ရ သည်။ အတော်လေး ဒေါသထွက်နေပြီး စိုးရိမ်သံ ပေါက် နေသည်မှာ သိသာလှသည်။
စုယာယာစိတ်ရှုပ်သွားသည်။ သူ့လေသံက ဘာလဲ? နောက်ပြီး ဘာကိုဆိုလိုတာတုန်း?
"ဘာလဲ?"
စုယာယာသည် ဖုန်းချပစ်ချင်စိတ်ကို ထိန်းထားရင်း မေးလိုက်သည်။
ရွှီချောင်ရန်က ရင့်ရင့်သီးသီးပြောခဲ့သည်။
"မင်းဘာဖြစ်လို့ ရုတ်တရက်ကြီး အနုပညာလောက ,ကနေ ထွက်သွားရတာလဲ? ချန်ရှုံ့ချီက မင်းကို အဲလို လုပ်ဖို့ ဖိအားပေးတာလား?"
စုယာယာ ရယ်ချင်ပက်ကျိအသံဖြင့် ပြောလိုက် သည်။
"ဒါက ရှင်နဲ့သက်ဆိုင်တယ်လို့ ကျွန်မတော့ မထင် ဘူး.. ဟုတ်တယ်နော်?"
"ဘာဖြစ်လို့ မဟုတ်ရမှာလဲ?"
ရွှီချောင်ရန်သည် မျက်နှာပြောင်တိုက်ကာ ပြော သည်။
"ငါသိသွားမှတော့ ငါ့ကိစ္စပဲပေါ့"
ပြောပေါက်ကို ကြည့်ဉီး!
စုယာယာက တခစ်ခစ်ရယ်သည်။ သူမ ရွှီချောင်ရန် ၏စိတ်အခြေအနေကို နားမလည်နိုင်တော့ပေ။ သူမဆီ မှာ တစ်ခုခုဖြစ်လိုက်ချိန်တိုင်း အရင်ဆုံးရောက်ချလာပြီး သူမကို ကိစ္စတစ်ခုလုံး စုပုံကာ ပြောတော့သည်။ သူတို့ အဲ့လောက်ကြီး မရင်းနှီးလှပါဘူး။ အနည်းဆုံးတော့ တစ်ယောက်ကိုတစ်ယောက် အားလုံးပြောပြကြသည့် အဆင့်ထိမရှိချေ။ ဒါပေမယ့် ရွှီချောင်ရန်ကတော့ သူမ အား ဒီကိစ္စကိုမေးလာပြီး ပေါ့ပေါ့ပါးပါးပင်ပြောနေသည်။ တကယ့်ကို နားလည်ရန် ခက်ခဲပါသည်။