Chapter 182 (U&Z)

983 76 3
                                    

Unicode

အခန်း(၁၈၂)

ပရိုဂရမ်ရိုက်ကူးရေး ပြီးခဲ့တဲ့နောက် စုယာယာနှင့် အစ်ကိုအုံတို့ ဖုန်မင်ကျန်နှင့် နှုတ်ဆက်စကားပြောကြ ၏။ စုယာယာသည် သူမ၏ လက်ထောက်သွမ့်ရှောင်ယွီ ကို ခေါ်၍ အသီးစတေရှင်မှ ထွက်လာခဲ့တော့သည်။ ဓာတ်လှေကားထဲမဝင်ခင် ဖုန်းက ဉီးစွာမြည်လာခဲ့၏။

ဖုန်းကို ကြည့်လိုက်တော့ ချန်ရှုံ့ချီ ဖြစ်နေ၏။

ဖုန်းကို ဖြေကြားလိုက်စဉ် တစ်ဖက်မှ တယောသံ အလား အသံလုံးကြီးကြီးနှင့် သာယာနာပျော်ဖွယ်အသံ လေးကို ထွက်လာခဲ့၏။

"ပရိုဂရမ် ရိုက်လို့ပြီးပြီလား?"

"ခုပဲ ပြီးခဲ့တာ" လို့ စုယာယာက ဖြေလိုက်သည်။

"ကိုယ် မင်းကို မြေအောက်ကားပါကင်မှာ စောင့်နေ တယ်"

ချန်ရှုံ့ချီက ပြောသည်။

စုယာယာက ပြန်ဖြေလိုက်၍ ဓာတ်လှေကားကို အောက်ထပ်ဆီသို့ နှိပ်လိုက်ကာ သွမ့်ရှောင်ယွီနှင့်အတူ ကားပါကင်သို့ တန်းသွားလိုက်သည်။

ဓာတ်လှေကားထဲမှ ထွက်လိုက်သည်နှင့် ကားဟွန်း တီးသံကို ကြားလိုက်ရ၏။ စုယာယာ လိုက်ရှာကြည့်ရင်း မြင်မြင်ချင်းပင် ချန်ရှုံ့ချီ၏ကားမှန်း မှတ်မိခဲ့သည်။

သူတို့ လမ်းလျှောက်သွားလိုက်ကြပြီး ကားထဲမှာ တော့ ချန်ရှုံ့ချီတစ်ယောက်တည်းသာ ရှိနေသည်။ သွမ့် ရှောင်ယွီသည် ကားထဲဝင်ရမှာ အခက်တွေ့နေသဖြင့် အကြောင်းပြချက် ရှာရတော့သည်။ သူမက စုယာယာကို ပြုံးပြလိုက်ကာ ပြော၏။

"အစ်မယာယာ, ညီမသူငယ်ချင်းတွေနဲ့ ချိန်းထား တာရှိလို့ အစ်မတို့နဲ့အတူ မလိုက်တော့ဘူးနော်.. အလုပ် နဲ့ပတ်သတ်တဲ့ကိစ္စတစ်ခုခုရှိရင် ညီမကို ဖုန်းသာ ဆက် လိုက်.. အစ်မလိုတဲ့အချိန်တိုင်း အရောက်လာဖို့ကတိပေး တယ်"

စုယာယာသည် သွမ့်ရှောင်ယွီမှာ သူတို့နဲ့အတူ သွား ရမှာ အခက်တွေ့နေတာကို သိနေပေမယ့် ထုတ်တော့ မပြောလိုက်တော့ချေ။ ပြုံးပြရုံသာ ပြုံးပြလိုက်ပြီး ပခုံး နှစ်ဖက်ကို ပုတ်၍ ပြောလိုက်သည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now