အခန်း(၂၈၆)ကိုယ်မင်းကို အမြဲစောင့်နေမယ်-၂
ရင်းနှီးနေသောအသံကို ကြားလိုက်ရသောအခါ စု ယာယာသည် အသံလာရာနေရာသို့ ချက်ချင်းလှည့် ကြည့်လိုက်တဲ့နောက် တံခါးဆီမှ ပြေးဝင်လာသောသူမ ၏မူလကိုယ် (ကူးပြောင်းမလာခင်ဘဝက သူမကိုယ်သူမ )ကို တွေ့လိုက်ရသည်။ ဖခင်ဖြစ်သူ၏ လက်မောင်းကို ဖက်တွယ်ကာ ပြုံးရင်းပြောနေ၏။
"ပါးပါး, ငါး ထပ်ချက်တယ်.. ကောင်းလိုက်တာ"
သူမ၏ဖခင်သည် ပြုံး၍ပြောသည်။
"သမီး ပြန်လာမယ်ဆိုတာ ပါးပါးသိလို့..သမီးကြိုက် တဲ့ ငါးချက်ထားပေးတာ.. များများစားသွား"
"ပါးပါး, ပါးက အရမ်းကောင်းတာပဲ"
ထိုမိန်းကလေးသည် ပျော်ရွှင်နေပြီးဆက်ပြော၏။
"အားချီလည်း ခဏနေ လာတော့မှာ"
သူမ၏ဖခင်ရဲ့ မျက်နှာထက်မှာ အပြုံးတစ်ပွင့်ရှိနေ ပြီး ထိုသူကပြော၏။
"အားချီလာမှာဆိုတော့ ပါးပါး သူ့အကြိုက်ဟင်း လေးတွေ ချက်လိုက်ဉီးမယ်"
ထိုမိန်းကလေးသည် ရယ်မောရင်းပြော၏။
"အိုကေပါ အိုကေပါ, အားချီက ပါးချက်တဲ့ဝက်နံရိုး ချိုချဉ်ကို ကြိုက်တယ်.. ပါးပါး ဝက်နံရိုးချိုချဉ်လေးချက် လိုက်ပေါ့"
သူမ၏ဖခင်က မြန်မြန်ဆန်ဆန်ပင် သဘောတူ၏။
"ဟုတ်ပြီ.. ပါး အားချီအတွက် ဝက်နံရိုးချိုချဉ် ချက် ပေးမယ်"
နာရီဝက် မရှိတရှိခင်အချိန်မှာ တံခါးပေါက်ဆီကနေ ဆူညံဆူညံကြားလိုက်ရ၏။ ကောင်မလေးက တံခါးပြေး ဖွင့်၏။ တံခါးအပြင်ဘက်မှာ အနောက်တိုင်းဝတ်စုံနှင့် ကျုံကျောင်ချီတစ်ယောက် ရပ်နေ၏။
"အားချီ, နင်ရောက်လာပြီ"
ကောင်မလေးက အပြုံးတစ်ပွင့်နှင့် ဆီးကြိုပြီး ကျုံ ကျောင်ချီ၏မျက်ဝန်းတောက်တောက်တွေထဲစိုက်ကြည့် လို့နေသည်။
"ယာယာ, ကိုယ့်ကို စောင့်နေတာလား?"
ကျုံကျောင်ချီက ပြုံးကာမေး၏။
ကောင်မလေးက အပြုံးချိုချိုလေးနှင့် ပြောသည်။
"ဟုတ်တယ်, ငါနင့်ကို စောင့်နေတာ"
![](https://img.wattpad.com/cover/347716107-288-k345490.jpg)