Chp 198 (U&Z)

1.1K 99 6
                                    

Unicode

အခန်း(၁၉၈) လက်ထပ်ခွင့်တောင်းခြင်း-၄

နောက်ပိုင်းမှာတော့ သူ့အဘိုးဆီမှ အမွေတွေကို ဆက်ခံဖို့ရာအလို့ငှာ အခြေအနေတစ်ရပ် လိုအပ်ခဲ့သည်။ ထို့ကြောင့် စာချုပ်နှင့်လက်ထပ်ဖို့ သူမကို သွားရှာခဲ့ သည်။ ဒါကလည်း သူမလိမ္မာလို့သာဖြစ်သည်။ ကိစ္စတွေ ရှုပ်ထွေးလာမှာ မလိုလားတာကြောင့် သူမကို ရွေးချယ်ခဲ့ ခြင်းဖြစ်သည်။ သူတွေးထားခဲ့သည့်အတိုင်းပင် သူမက ရိုကျိုးပြီး မည်သည့်လွန်ကဲသည့် တောင်းဆိုမှုမျိုးကိုမှ မပြောလာခဲ့ပေ။ မင်္ဂလာဆောင်အခမ်းအနား မရှိသလို သူတို့၏လက်ထပ်မှုကို ဖုံးကွယ်ထားရသည်ကိုပင် နည်း နည်းလေးမှအပြစ်မတင်ခဲ့ပါ။ သူပြောခဲ့သည့်အတိုင်း သက်ဆိုင်ရာစာချုပ်တွေမှာ သူမ၏နာမည်ကို လက်မှတ် ရေးထိုးပေးခဲ့သည်။

လူ့သဘာဝအရ သူသည်လည်း သူမ၏လိမ္မာရိုးကျိုး မှုကို နှစ်ခြိုက်ခဲ့သည်။ သူမက သူ့ကို ကြီးကြီးမားမား ကူညီပေးခဲ့တာကြောင့် သူမအနေနှင့် အရမ်းလွန်ကဲ မလာသရွေ့ အမျိုးသမီးတစ်ဉီးကို အလိုလိုက်ပေးရခြင်း ဟာ ချန်ရှုံ့ချီ၏စွမ်းဆောင်ရည်နှင့် ကြွယ်ဝမှုအတွက် ပြဿနာမဟုတ်ပေ။

သို့သော် သူမလေးကို အလိုလိုက်ထားရင်းနှင့် သူ့ နှလုံးသားဟာ ပြောင်းလဲလာခဲ့သည်ကို သတိထားမိ လာခဲ့သည်။ သူမကို မြင်နေတွေ့နေရသည့်အချိန်ဆို ထိန်းချုပ်နိုင်စွမ်းမရှိအောင်ပင် ဂရုစိုက်ပေးချင်ထွေးပွေ့ ချင်လာသည်ကို သတိပြုမိလာခဲ့သည်။ သူမ ပျော်ရွှင်နေ တာကို မြင်ရတာစိတ်ချမ်းသာသည်။ သူမကို ဤကမ္ဘာ ကြီးထဲက အကောင်းဆုံးသောအရာတွေကို ပေးချင် သည်။ သို့တိုင် ဒီမိန်းမကတော့ ဟိုစဉ်ကစာချုပ် အကြောင်းကို ပြတ်ပြတ်သားသား မှတ်ထားဆဲဖြစ်ဟန် တူသည်။ သူဟာ သူမကို လက်ထပ်ခွင့်တောင်းနေသည် ကိုပင် မယုံနိုင်ရလောက်သည်အထိလေ။

သူကိုယ်တိုင် ကောက်ယူထားသော ကျောက်တုံးနှင့် သူ့ခြေသူ အထုခံလိုက်ရတယ်ဆိုတာ ဘာကိုဆိုလိုမှန်း အခုတော့ ရှင်းရှင်းလင်းလင်း သိခဲ့ရပြီလေ။

ချန်ရှုံ့ချီသည် စုယာယာအား ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရင်းမေးလိုက်သည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now