Chp 222 (U&Z)

1K 89 2
                                    

Unicode

အခန်း(၂၂၂)ကစားဖို့ ဒီရောက်နေတာလား?-၂

သီးသန့်ခန်း၏အစွန်ဆုံးခုံမှာ မာကျောက်တစ်ခုံရှိ သည်။ လေးဉီးသား ကဒ်တစ်ခုဆီရွေး၍ နေရာယူလိုက် ကြသည်။ စုယာယာက အရှေ့ကိုရွေးမိပြီး ယန်ကျွင်ရိက တောင်ကိုရွေးမိခဲ့သည်။ ရွှီချုံခွင့်က မြောက်ဘက်ကို ရွေးမိပြီး ရွှီချောင်ရန်က အနောက်ဘက်ကို ရွေးမိခဲ့၏။ အမှတ်အသားများအရ ထိုင်လိုက်ကြသည်။ ကဒ်တွေ ချိုးလိုက်ပြီးနောက် စကစားခဲ့ကြ၏။

ချန်ရှုံ့ချီသည် လေယာဉ်ဆင်းသည်နှင့် ဗီယက်နမ် သို့သွားသည့်လေယာဉ်ကို ချက်ချင်းပြောင်းစီးခဲ့သည်။ ဗီယက်နမ်လေဆိပ်ဆီ မရောက်သေးခင် လမ်းမှာ သုံး နာရီကျော်ကျော်စီးခဲ့ရ၏။ ချန်ရှုံ့ချီရောက်သွားတော့ အသင့်စောင့်နေသော လင်ဟိုင်ကို တွေ့လိုက်ရသည်။

"ဉက္ကဌချန်"

လင်ဟိုင်က လေဆိပ်မှထွက်လာသော ချန်ရှုံ့ချီကို တွေ့ လိုက်ရ၏။ ပြုံးပြပြီး လက်လှမ်းပြလိုက်သည်။

ချန်ရှုံ့ချီက ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွား ၏။

လင်ဟိုင်သည် သူ့အတွက် တံခါးဖွင့်ပေးပြီး ချန်ရှုံ့ချီ က ခေါင်းငုံ့၍ဝင်ထိုင်လိုက်၏။ ထို့နောက် လင်ဟိုင်ဟာ ရှေ့ခရီးသည်ထိုင်ခုံကို ပြေးသွားပြီး ကားဒရိုက်ဘာက စက်နှိုးလိုက်တော့သည်။

"Agritourism ကိုသွား"

ချန်ရှုံ့ချီက အမိန့်ပေးလိုက်၏။

လင်ဟိုင်သည် ဒရိုက်ဘာအား Agritourismသို့ မောင်းဖို့ မပြောခင် ဟုတ်ကဲ့ဟု ပြန်ပြောခဲ့၏။

ကားစီးချိန်က အတော်လေးကြာမြင်ခဲ့၏။ ချန်ရှုံချီ သည် တစ်နေကုန်လေယာဉ်စီးလာခဲ့ရပြီး အတော်လေး မူးဝေနေသည်။ ခေါင်းတွေထဲ တဝီဝီမြည်နေကာ ခဏ တိုင်းဆိုသလို အိမ်မက်ထဲမှမြင်ကွင်းအား ပြန်တွေးမိ နေ၏။ ထိုအရာက သူ့အား ပို၍အားအင်ကုန်ခမ်းလာစေ သည်။

ချန်ရှုံ့ချီက အနားယူဖို့ရာမျက်ဝန်းများကို မှေးထား ၏။ ကားက ဘယ်လောက်ကြာကြာ မောင်းနေခဲ့သလဲ ဆိုတာသူမသိခဲ့ချေ။ သို့သော် Agritourism ရောက်ပြီ လို့ပြောသော လင်ဟိုင်၏အသံကို ကြားလိုက်ရသည့် အခါမှသာ မျက်လုံးကို ဖွင့်လိုက်တော့သည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now