အခန်း(၂၈၁)အတိတ်-၁
စုယာယာသည် ပန်းတွေကို ပြန်လဲလာခဲ့ပြီးနောက် လက်ထဲမှာ အသစ်စက်စက် ထိုးထားသောပန်းများနှင့် ဆေးရုံခန်းထဲသို့ ဝင်လာခဲ့သည်။ သားအဖနှစ်ယောက် စလုံး တိတ်နေကြတာကိုမြင်တော့ ပန်းတွေကို အိပ်ရာ ဘေးယူသွားလိုက်ပြီး ထိုအရာတွေကရတနာတွေအလား ချန်ပါးပါးအား ပြလိုက်ကာ တောက်ပစွာ ပြုံးပြ၍မေး သည်။
"ပါး, ပန်းတွေက လှတယ်မလား?"
ချန်ပါးပါးက ပြော၏။
"လှတယ်.. တကယ့်ကို လှတာ.. အရောင်တွေက လည်း စိုနေတာ.. သစ်လွင်နေတာပဲ!"
စုယာယာသည် ချန်ပါးပါး၏စကားကို ကြားသော အခါ ဘာဖြစ်လို့လဲမသိ။ ချန်ပါးပါးဟာ ဘဝက တကယ့် ကို အရောင်အသွေးစုံလင်တယ်လို့ သွယ်ဝိုက်ညွှန်းဆို နေသလိုမျိုး ခံစားနေသည်။ ရောဂါအပြင်းအထန်ရနေတဲ့ လူတစ်ယောက်ဟာ ဒီလိုအသိတရားမျိုးရလာဖို့ ပိုများ လွယ်ကူနေသလား?
ချန်ရှုံ့ချီသည် မျက်လုံးကစားရင်း သူ့ဘေးနားစားပွဲ ပေါ်ရှိ ပန်းသီးတွေကို မြင်သွားသည်။ ထို့ကြောင့် ပန်းသီး တစ်လုံးကို ကောက်ယူကာပြောသည်။
"ကျွန်တော် ပန်းသီးခွာပေးမယ်"
ချန်ပါးပါးသည် ကိုင်ထားသောပန်းသီးကို ကြည့်၍ အရင်အတိတ်ကို ပြန်ပြောင်းအောက်မေ့မိသည်။ သူ့ အတွက် ချန်ရှုံ့ချီ ခွာပေးသည့်ပန်းသီးတွေ မစားရတာ နှစ်အတော်တောင် ကြာပေါ့။ အတိတ်က ထိုအချိန်ကို ပြန်ရောက်သွားသလိုမျိုး ခံစားလိုက်ရ၏။ ပြုံး၍ခေါင်း ငြိမ့်ပြကာ ပြောလိုက်သည်။
"အင်း, တစ်လုံးဆို ရပြီ"
ချန်ရှုံ့ချီသည် အသီးလှီးသည့်ဓားကို ယူ၍ ပန်းသီး ကို ဖြေးဖြေးချင်း ဂရုတစိုက် အခွံခွာနေသည်။ အခွံ့ကို တော့ အတော်လေး ကောင်းကောင်းခွာတတ်၏။ အနု ပညာလက်ရာတစ်ခုကို ထုဆစ်နေသည့်နှယ်။
ပန်းသီးကို အခွံခွာပြီးနောက် ဘေးရှိချန်ပါးပါးကို ပေးသည်။ သို့သော် ချန်ပါးပါးက ပြုံး၍ပြော၏။
"ငါတစ်ယောက်တည်း အဲ့လောက်အများကြီးမစား နိုင်ဘူး.. ခွဲစားကြမယ်.. သား ကလေးတုန်းကလိုမျိုး သားတစ်ဝက် ပါးပါးတစ်ဝက်.. ပါးပါးက သေးတာယူပြီး သားက ကြီးတာယူ"