Chp 195 (U&Z)

1.1K 94 8
                                    

Unicode

အခန်း(၁၉၅)လက်ထပ်ခွင့်တောင်းခြင်း-၁

ချန်ရှုံ့ချီသည် လမ်းတစ်လျှောက်လုံး စုယာယာ၏ လက်ကို ကိုင်ထားခဲ့၏။ သူမကိုကားထဲဝင်စေပြီး စက် နှိုးကာ ဗီလာထဲမှထွက်လာခဲ့ကြသည်။

စုယာယာတွေးနေသည်က သူတို့တွေ ကွာရှင်းကြ မယ့်အကြောင်းပြောကြမလို့ မဟုတ်ဘူးလား? ဘာဖြစ် လို့ သူက ဒီလောက်ရှုပ်ထွေးအောင် လုပ်နေရတာလဲ? ဒီလို ညလယ်ကြီးမှာ သူတို့ ဘယ်နေရာကို သွားနေကြ သလဲဆိုတာ သူမသိချင်မိသည်။ သူမကို သတ်ပြီး အလောင်း ဖျောက်ပစ်တော့မလို့လား? တွေးပင်တွေး လိုက်သော်ငြား မဖြစ်နိုင်ဘူးဆိုတာ သူမလည်း သိပါ သည်။ တရားဉပဒေစိုးမိုးသော လူမှုအဖွဲ့အစည်းတစ်ခု ပင်မဟုတ်ပါလား။ အခုချိန်မှာ သူမ ချန်ရှုံ့ချီကို ကလန် ကဆန်မလုပ်ရသေးပေ။ ထို့ကြောင့် ထိုကဲ့သို့ စက်ဆုပ် ဖွယ်အရာမျိုး လုပ်လာစရာအကြောင်းမရှိပေ။

ချန်ရှုံ့ချီလုပ်လာနိုင်သည့် အငြိုးအတေးကြီးကိစ္စရပ် များကို စဉ်းစားကြည့်နေစဉ် စုယာယာသည် သူမ ဖာသာ စိတ်ထဲကနေ ရယ်နေခဲ့၏။ သူမ၏အတွေးကတော့ စိတ် မချမ်းမြေ့ဖွယ် လမ်းခွဲကြမည့်အစား ပျော်ပျော်ရွှင်ရွှင် လမ်းခွဲနိုင်ဖို့။ ထိုနည်းဖြင့်သာ နောင်များ တစ်ယောက်နှင့် တစ်ယောက် တွေ့ဖြစ်ခဲ့ရင် အဆင်ပြေပြေဆက်ဆံနိုင် ပေလိမ့်မည်။ အဆုံးမှာတော့ သူမလည်း သူမ၏ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရင်း လမ်းတွေကွဲသွားကြ ပေမည်။

ချန်ရှုံ့ချီသည် စုယာယာ၏ဘေးမှာ ထိုင်နေခဲ့၏။ သူမ၏လက်များကို ကိုင်ထားရင်း မကြာခဏဆိုသလို လှည့်ကြည့်တတ်သည်။ ပျားရည်စားထားသကဲ့သို့ အတွင်းထဲကနေကို လှိုက်ချိုမြိန်နေသည့်နှယ် ခံစားနေ ရပေသည်။

လေထုထဲမှာ ပန်းရောင်ပူစီဖောင်းလေးများ မျော လွင့်နေခဲ့ပြီး မီးပွားမီးပန်းများလည်း တဖွားဖွား ပေါက် နေခဲ့၏။ မယုံနိုင်လောက်အောင် လှပသည့်မြင်ကွင်းပေ။

ဒီနေ့နေ့လည်ခင်း မီယာအလုပ်ခန်းမှ နီလာလက် စွပ်ကို ယူပြီးနောက် အန်ယွီထုန်နှင့် ရွှီခိုင်တို့က သူ့အား အင်ပါရီရယ်မြို့တော်သစ်သို့ စားသောက်ကြဖို့ ဆွဲခေါ် သွားခဲ့သည်။ အခြားသူငယ်ချင်းများလည်း ရောက်လာ ကြပြီး ဒီနေ့လို လူစုံတာရှားပါးလှ၏။ ထို့ကြောင့်အတော် လေး စိတ်အခြေအနေကောင်းနေခဲ့ပြီး နည်းနည်း လောက် သောက်လာခဲ့၏။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now