Chp 241-245(Zawgyi)

441 7 0
                                    

အခန်း(၂၄၁)ဘယ်လိုများလုပ်ရက်ရတာလဲ?-၁

အင်တာနက်ပေါ်မှာ ချန်ရှုံ့ချီနှင့်စုယာယာတို့ စုံတွဲ ဟာ ဖန်တွေအများကြီးရှိ၏။ အထူးသဖြင့် လူပေါင်း များစွာ၏ နှစ်သက်လေးစားမှုကို ပိုင်ဆိုင်ထားရခြင်းမှာ ချန်ရှုံ့ချီ၏သူ့ဇနီးအပေါ် မပြောင်းလဲသောကာကွယ်ပေး မှုကြောင့်သာ။ ချန်ရှုံ့ချီသည် စုယာယာနှင့်အတူ ဆေးရုံ သို့ အဖော်လိုက်ပေးခဲ့ပြီး ကိုယ်တိုင်ကားမောင်းပို့တယ် ဆိုတဲ့အခိုက်အတန့်၊ ကားပေါ်မှာ ဆင်းလာကတည်းက သူမလက်ကိုကိုင်ထားပြီး သူမ ဆေးစစ်ဖို့ကိုပင် စိတ်ရှည် လက်ရှည်နှင့် စောင့်ဆိုင်းပေးနေသည့် အခိုက်အတန့်၊ ထိုအခိုက်အတန့်များစွာ အင်တာနက်ပေါ် ရောက်ရှိခဲ့ပြီး မကြာမှီ တစ်မြို့လုံးပါးစပ်ဖျားတွင် ပြောစမှတ်ပြုသည့် ကိစ္စဖြစ်လာခဲ့၏။ ပို့စ်တွင် မှတ်ချက်ရေးသားသည့်လူ အရေအတွက်က ဒုံးကျည်ပေါ် ဖင်ခုထိုင်နေရသလိုပင်။ Weibo ရှာဖွေမှုစာရင်းထိပ်ဆုံးသို့ တရှိန်ထိုးတက်သွားခဲ့ ၏။

"V"အမှတ်အသားပါသော အသိအမှတ်ပြုပြီးသား အကောင့်အတော်များများကလည်း သူတို့၏Weiboမှာ ပြန်တင်ခဲ့ကြသည်။ ကောင်းချီးပေးသည့်ကောမန့်များ သာ များ၏။ Netizens များက သူတို့နှစ်ဉီး အတူတကွ အိုမင်းသည်အထိ နေသွားနိုင်ကြပါစေကြောင်း၊ ချစ်စရာ ကလေးလေး မွေးဖွားနိုင်ပါစေကြောင်းနှင့် သက်ဆုံးတိုင် ချစ်ခြင်းမွေ့ထုံပျော်ရွှင်နိုင်ကြပါစေကြောင်း သူတို့၏ရင် ထဲအသဲထဲက ဆုတောင်းများကို မှတ်ချက်ရေးသားခဲ့ကြ သည်။

တကယ်တမ်းတော့ ချန်ရှုံ့ချီနှင့်စုယာယာတို့ သူတို့ ၏ပတ်သတ်မှုကို Weiboပေါ်မှာ ကြေညာလိုက်စဉ် ကတည်းက အားလုံးက သူတို့ကို စောင့်ကြည့်နေခဲ့ကြ တာဖြစ်သည်။ ချန်ရှုံ့ချီကဲ့သို့ ဇနီးအပေါ် အလွန်အကာ အကွယ်ပေးသည့်သူမျိုး နောက်တစ်ယောက်တွေ့ဖို့ဆို တာ အလွန်ရှားပါးလွန်းလှသည်လေ။ တစ်ချိန်က စင်ဒရဲလားဖြစ်ခဲ့သော စုယာယာသည် လူချမ်းသာ မိသားစု၏ဇနီးမယားဖြစ်လာခဲ့ပြီ။ သူမ ဘယ်လောက် တောင် ကံကောင်းလိုက်သလဲ, လူတိုင်း မနာလိုအားကျ ကြရ၏။

အန်ယွီထုန် Full-body treatment ယူပြီးပြီးချင်းမှာ အန်ယွီထင်က ဖုန်းခေါ်လာခဲ့သည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Onde histórias criam vida. Descubra agora