အခန်း(၁၇၂)စုံတွဲတွေအတိုင်း -၁
စုယာယာသည် အဝတ်လဲခန်းထဲသို့ ဝင်သွားသော ချန်ယန်ကို မြင်သောအခါ ခြေလှမ်းတို့ကို ရပ်၍ပြန် လှည့်၏။ သူမရဲ့မိတ်ကပ်ဖျက်ဖို့နှင့် အဝတ်အစားများကို လဲဖို့ရာ အခြားအဝတ်လဲခန်းကိုသာ သွားလိုက်တော့ သည်။
ထိုအခန်းက ရွှီချုံခွင့်၏အဝတ်လဲခန်း ဖြစ်ပြီး သူမ ငှားချင်ကြောင်း သူ့ကို ပြောသောအခါ လိုလိုလားလား ပင် ငှားပေးခဲ့၏။ သူ့ရဲ့လက်ထောက်နှင့်အတူ အပြင် ထွက်ပေးခဲ့ပြီး သူမအတွက် အစောင့်ရအောင် အဝတ် လဲခန်းအပြင်မှာ ရပ်ပေးနေခဲ့၏။
စုယာယာသည် သွမ့်ရှောင်ယွီကိုခေါ်ပြီး သူမရဲ့ဝတ် နေကျအဝတ်အစားတွေကို ပြန်မလဲခင် မိတ်ကပ်ကို အရင်ဖျက်သည်။ သူမအဝတ်လဲခန်းထဲမှ ထွက်လာခဲ့ သည်နှင့် အပြင်မှာ စောင့်ပေးနေသော ရွှီချုံခွင့်နှင့်သူ၏ လက်ထောက်ကို မြင်လိုက်ရတော့သည်။ ချက်ချင်းပင် ထိုသူတို့ထံ ခပ်ဖျော့ဖျော့ပြုံးပြ၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ရပါတယ် ရပါတယ်.. အဲ့လောက်ကြီးလည်း မဟုတ် ပါဘူး"
ရွှီချုံခွင့်က ရိုးစင်းစွာဖြင့် ပြန်ပြောလာခဲ့၏။
စုယာယာက ဆိုသည်။
"အစ်ကိုရွှီ, အစ်ကိုက တကယ် ကြင်နာတတ်တဲ့သူ ပဲ"
ရွှီချုံခွင့်တစ်ယောာက် ကြောင်အသွား၏။ ထို့ နောက် သူကပြုံးပြလာရင်း ပြောသည်။
"ဟဟ, ငါ့ကို လူကောင်းကဒ်တော့ ပေးခံရပြီဟေ့"
သူတို့နှစ်ဉီး အဝတ်လဲခန်းအပြင်မှာ ခဏစကား ပြောခဲ့ကြသည်။ သူတို့၏ ပင်ကိုယ်အကျင့်စရိုက်များက သဟဇာတဖြစ်တာကြောင့် အလိုလိုပင်ရင်းနှီးသွားခဲ့ကြ ၏။
ရိုက်ကွင်းသိမ်းပြီးနောက် ဒါရိုက်တာကျုံတုံကွမ်က အားလုံးကို ညလယ်စာစားဖို့ ခေါ်သည်။
"ဒီနေ့ ရှောင်ရွှီက အစောကြီးကြိုပြီး ရိုက်ကွင်းကို ပြန်လာခဲ့တာ.. ဒဏ်ရာရနေတုန်းဆိုတော့ ရိုက်ကူးရေး ကြောင့် ပင်ပန်းနေမှာ... အားလုံးတူတူစုပြီး သူ့အတွက် ကြိုဆိုခြင်းဒင်နာပွဲလေး လုပ်ပေးကြရအောင် .. မြန်မြန် ပြန်ကောင်းလာဖို့လည်း ဆုတောင်းပေးကြတာပေါ့ကွာ"