အခန်း(၁၅၈)ရွှီချုံခွင့်ဆီ အလည်သွားခြင်း-၁
"ဘာမှ-ဘာမှမဟုတ်ပါဘူး"
စုယာယာက အယောင်ယောင်အမှားမှားနှင့်တံတွေး မျိုချလိုက်ရပြီး ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်ရသည်။
ချန်ရှုံ့ချီသည် ခပ်တည်တည်မျက်နှာပေးနှင့် သူမကို ကြည့်နေကာ ဟွန်းခနဲနှာမှုတ်၏။ ဆေးရုံခန်းထဲတွင် ဒူးရင်းသီးနံ့ အတော်လေး ပါးသွားပြီဆိုတာကို အတည် ပြုပြီးနောက်ဆုံးမှ သူက အထဲဝင်လာခဲ့သည်။
"ရှင်ရောက်လာပြီပဲ လောင်ကုန်း! ယာယာ ရှင့်ကို အများကြီး လွမ်းနေတာ!"
စုယာယာက အိပ်ယာပေါ်မှာထိုင်နေပြီး ခုပဲ အထဲ ဝင်လာခဲ့သောချန်ရှုံ့ချီအား ကြည့်နေ၏။ ပါးပြင်ထက် မှာ ပါးချိုင့်လေးနှစ်ခုနှင့် မျက်နှာပေါ်မှာ အပြုံးချိုချိုလေး တစ်ခုနှင့် သူမက အလွန်လိမ္မာနေသယောင်။
ချန်ရှုံ့ချီသည် ဆေးရုံအိပ်ရာကုတင်ရှေ့မှာ ရပ်ပြီး သူမကို အပေါ်စီးမှကြည့်နေ၏။ ထိုချစ်စရာကောင်း အောင်လုပ်နေပြီး နှစ်လိုဖွယ်မျက်နှာလေးကြောင့် နှုတ် ခမ်းစွန်းတစ်ဖက်က ကော့တက်သွားခဲ့ပေမယ့် သူမကို တော့ မျက်နှာထားတင်းတင်းဖြင့် ပြောလာ၏။
"နောင်ကျရင် မင်းကို ဒူးရင်းသီးစားခွင့်မပြုဘူး"
ဒူးရင်းသီးမစားရဘူး?! အဲဒါဆို ဘဝမှာပျော်စရာတွေ အကုန်ပျောက်ရှသွားမှာပေါ့!
"လောင်ကုန်း.."
စုယာယာက အပေးအယူတစ်ခု တောင်းခံချင်မိ သည်။ သူ မရှိတဲ့အချိန်၊ သူ့ကို အနံ့လေးတစ်စက်မှ မရ စေရအောင် သူမတစ်ယောက်တည်းရှိချိန်မှာသာ စားမှာ ဖြစ်ကြောင်း။
"ဟမ်း?"
ချန်ရှုံ့ချီက မျက်ခုံးတစ်ဖက်ချီကာ မျက်နှာထား တင်းတင်းဖြင့် ပြောပြန်သည်။
"အဲ့အကြောင်း ဘာဆွေးနွေးစရာမှ မရှိဘူး'
စုယာယာက နှုတ်ခမ်းဆူသွားတော့၏။ အရမ်းလွန် လွန်းတယ်, အရမ်းဗိုလ်ကျလွန်းတယ်! သူမ စားမယ့် အရာကိုတောင် လိုက်ထိန်းချုပ်နေရမှာလား? ဘာဖြစ် လို့ ဒူးရင်းသီးစားခွင့်မရှိရမှာလဲ? အို, သူ မကြိုက်တဲ့ အတွက်ကြောင့်လား? ဘယ်လိုတောင် ကျိုးကြောင်း ဆီလျော်မှုကြီး! သူခွင့်မပြုလေလေ သူမကတော့ ပိုစား ချင်လေလေပဲ။ သူခရီးထွက်နေတုန်းစားရင် ဘာဖြစ် တာမှတ်လို့။ နောက်ပြီး ဒီတိုင်းလေးစားမှာမဟုတ်ဘူး။ အများကြီးကို စားပစ်ဉီးမှာ! သူပြန်ရောက်တဲ့အချိန်ကျ ရင် အနံ့က ကျန်တော့မှာမဟုတ်ဘူး။ သူ ပြောပြနိုင်လို့ ကတော့ ထူးတောင်ထူးဆန်းနေဉီးမယ်!