Chp 202 (U&Z)

1.1K 106 10
                                    

Unicode

အခန်း(၂၀၂)ဘဝသစ်စတင်ခြင်း-၂

ကျုံဖိန်ယွင် စုယာယာပြောချင်တာကို နားလည်ပါ သည်။ ချန်ရှုံ့ချီသည် စုယာယာကို လိုက်ခဲ့စဉ်တုန်းက ချန်ရှုံ့ချီ၏အတင်းအဖျင်းတွေ အကြောင်း သူမ မြောက် များစွာ ကြားခဲ့ရဖူးပါသည်။ ထိုစဉ်တုန်းက သူ့မှာ မြတ်နိုးရတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်ဆိုတာ သိခဲ့ရသည်။ ထိုမိန်းကလေးကလည်း စုယာယာနှင့် အတော်လေးရုပ်ချင်းဆင်နေသည်။ ဘာကြောင့် ချန်ရှုံ့ချီ ဟာ စုယာယာကို အနှီလောက်ကြိုက်ခဲ့ရသလဲ၊ ဖူးဖူးမှုတ် အလိုလိုက်ထားရသလဲ၊ လိုချင်သမျှကို ပေးနေရသလဲဆို တဲ့ အကြောင်းပြချက်က သူ နှစ်သက်သည့်အမျိုးသမီး ကြောင့်သာ ဖြစ်နိုင်ပေသည်။

ယခုတော့ ထိုအမျိုးသမီးက ပြန်ရောက်လာခဲ့ပြီဆို တော့ သူမဆီပဲ ပြန်သွားနိုင်ချေ အများကြီးရှိသည်။ နောက်ဆုံးတော့ လူချမ်းသာတွေ မလုပ်လောက်ပါဘူး ဆိုတာ ဘာမှမရှိဘူးလေ။ ချန်ရှုံ့ချီက စုယာယာနှင့် လမ်းခွဲဖို့ဖြစ်လာတဲ့အခါ နောက်ဆို သူမကို ကာကွယ် မပေးတော့မည်မှာ သေချာသည်။ စုယာယာက ယခု အခွင့်အရေးကို လက်ဉီးမှုရယူချင်တာကို သူမနားလည် ပေးနိုင်၏။ စုယာယာကို ဒီလိုအရာမျိုးနှင့် ကြုံတွေ့ရ သည့်အတွက် သူမ မသနားဘဲမနေနိုင်ပါ။

ကျုံဖိန်ယွင် သက်ပြင်းချလိုက်သည်။ သူမ နောက် ဆုံးတော့ နာမည်ကြီးကြယ်ပွင့်တစ်ယောက်ကို မွေး ထုတ်နိုင်ခဲ့ပေမယ့် ဒီလိုဖြစ်လာမည်ဟု မည်သူသိမလဲ။ အခြားနည်းလည်း မရှိတော့ပေ။ စုယာယာကိုဆက်ထား လျှင်လည်း နောင်မှာကုမ္ပဏီအတွက် အခက်တွေ့စေ လိမ့်မည်။ သူမကလည်း နုတ်ထွက်ဖို့ ဆန္ဒရှိနေသည်။ ဒါက ဆုံးဖြတ်ချက်ကောင်းတစ်ခုပဲဖြစ်ပါလိမ့်မည်။

သူမက စုယာယာကို ပြော၏။

"နင် ကုမ္ပဏီနဲ့စာချုပ်ကို ဖျက်သိမ်းပြီး အနုပညာ လောက,ကနေ နုတ်ထွက်ချင်တာကို ငါနားလည်ပေး နိုင်ပါတယ်.. ဒါပေမယ့် စာချုပ်ဖျက်မယ်ဆိုရင်တော့ လျော်ကြေးအနေနဲ့ ၅ မီလီယမ်ပေးရလိမ့်မယ်.. အဲ့ လောက် ပိုက်ဆံနင့်မှာရှိသလား?"

စုယာယာသည် မျက်တောင်တဖျက်ဖျက်ခတ်ကာ သူမကဒ်ထဲရှိ လက်ကျန်ပမာဏကို အလျင်အမြန်တွက် ချက်နေသည်။ ကြော်ငြာရိုက်ကူးမှုတွေ, ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေနှင့် တံဆိပ်အမျိုးမျိုးအတွက် သံတမန် လုပ်ခဲ့တာတွေဆီကနေ အတော်လေး စုမိဆောင်းမိခဲ့ သည်။ ချန်ရှုံ့ချီကလည်း သူမကို ပိုက်ဆံအတော်လေး ပေးထားသည်။ လက်ဝတ်ရတနာ အသုံးအဆောင်တွေ လည်းရှိထား၏။ ဒါကလည်း ငွေပုံကြီးပဲလေ။ အားလုံး စုပေါင်းလိုက်ရင်တော့ ၅မီလီယမ် ကျော်နိုင်ပြီး အဲ့ပမာ ဏထက် ၂ဆ ၃ဆလောက် ပိုနိုင်သေးသည်။ သို့သော် သူမမှာ ပိုက်ဆံ ဘယ်လောက်ပဲရှိနေပါစေ ၅မီလီယမ် ဆိုသည့်ပမာဏက သေးသေးမွှားမွှားတော့ မဟုတ်ချေ။ နည်းနည်းပဲဖြစ်ဖြစ် လျော့အောင်ညှိနိုင်ခဲ့လျှင် ကောင်း တာပဲမလား။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Donde viven las historias. Descúbrelo ahora