Chp 311-315

817 50 0
                                    

အခန်း(၃၁၁) အမျိုးသမီးဇာတ်ဆောင်အဖြစ် ကွက်တိကျ သည်-၂

ဇာတ်ညွှန်းကို အဆုံးသတ်ပြီးနောက် စွမ်ချင်သည် ရန်ပုံငွေ,စရှာပြီး သရုပ်ဆောင်ရွေးဖို့ရာ စ,စီစဉ်သည်။ သူမ ဒီဇာတ်ညွှန်းကို စရေးဖို့လုပ်စဉ်ကတည်းက ရုပ်ရှင် တစ်ခုလုံးကို သူမကိုယ်တိုင်ညွှန်ကြားဖို့ စီစဉ်ထားခဲ့တာ ဖြစ်သည်။ ဒါသည် သူမရဲ့ဆရာမအတွက် အမှတ်တရ အထိန်းအမှတ်ဖြစ်ပြီး သူမနဲ့ရွာက ကလေးတွေအတွက် ကြိုးစားအားထုတ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်တဲ့ အတွက် ကြောင့်ဖြစ်သည်။

ရန်ပုံငွေကို မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူပဲ ရရှိခဲ့၏။ စွမ်ချင်, အကောင်းဆုံးအမျိုးသမီးရွှေဆု သုံးဆုရ ဆိုသည့်ခေါင်းစီးကိုက ကိုယ်ပိုင်ဘရန်းတစ်ခု တည်ရှိနေ ပြီးသားဖြစ်သည်လေ။ သူမရဲ့နာမည်ကို ကြားသည်နှင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ငွေစိုက်ထုတ်ပေးချင်လာပြီး သူတို့တွေကြားမှာမှ အကြီးစားရင်းနှီးမြှုပ်နှံသူကြီး ရှိနေ သည်လေ။ ထိုသူကတော့ ချန်ရှုံ့ချီပဲဖြစ်၏။ ချန်ရှုံ့ချီရဲ့ စကားအတိုင်းပြောရလျှင် ဒါဟာ သူ့အမေရဲ့ဇာတ်ညွှန်း ဖြစ်ပြီး သူမရေးသားခဲ့သော ပထမဆုံးဇာတ်ညွှန်းလည်း ဖြစ်ပေသည်။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ် စေ ရင်းနှီးမြှုပ်နှံရမှာပေါ့။ ဘာပဲပြောပြော သူက မွဲနေ တာမှ မဟုတ်ဘဲလေ။

စွမ်ချင်သည် ချက်ချင်းပဲ ရင်းနှီးမြှုပ်နှံမှုကို ရရှိလိုက် ပြီး သရုပ်ဆောင်ရွေးဖို့ရာသာ ကျန်တော့သည်။ သူမ ဇာတ်ညွှန်းထဲက အခန်းတွေအရ သူမရုပ်ရှင်အတွက် စပြီ ဆိုကတည်းက နယ်ဘက်မှာ သွားရောက်ရိုက်ကူးချိန် ကြာမြင့်မှာဖြစ်ပြီး အနေအစား ဆင်းရဲရမည်။ သူမသည် ဒီရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ရာ စိတ်ဝင်စားသည့်မင်းသမီး တွေကို လိုက်ရှာကြည့်ခဲ့ပေမယ့် နယ်ဘက်မှာ လအနည်း ငယ်ခန့် နေရမှာဖြစ်ပြီး အခြေအနေက အကောင်းဆုံး ဖြစ်မှာမဟုတ်ဘူးဆိုတာကို ကြားသောအခါ တုံ့ဆိုင်းကုန် ကြသည်။

တကယ်ဆို ယနေ့ ရေပန်းအစားဆုံးနာမည်ကျော် မင်းသား, မင်းသမီးတွေဟာ စတူဒီယိုမှာ ပို့စ်လေးပေး, lip syncလေး လုပ်, ၁၂၃၄၅၆၇ လေး ပြောလိုက်ရုံနဲ့တင် မီလီယမ်နဲ့ချီ ရနေကြသည်လေ။ တစ်ခန်းချင်းအလိုက် သော်လည်းကောင်း၊ အလှအပကြော်ငြာလေး တစ်ခု လောက် ရိုက်ရတာပဲဖြစ်ဖြစ် Brand ambassador အဖြစ် လက်ခံလိုက်ရုံနဲ့တင် သူတို့အကောင့်ထဲကို မီလီယမ်အနည်းငယ်က ဝင်လာနေပြီလေ။ စီးပွားရေး ကြော်ငြာတစ်ခုလောက် ရိုက်လိုက်လျှင်လည်း ဝင်ငွေ ပမာဏအကြီးကြီးရပြီးသားပင်။ အကယ်၍ ဖန်တွေက သဘောကျသွားပြီး ရုတ်တရက် ပေါက်သွားလျှင် စာ အိတ်နီအကြီးကြီးပင် အပိုဆောင်း ရပေဉီးမည်။ ရသစုံ ရှိုးတွေမှာ ပါဝင်ပေး၊ ဖန်သားပြင်ထက်မှာ စုံတွဲတွေလို သရုပ်ဆောင်လိုက်လျှင် ရေပန်းအစားဆုံး ခေါင်းစီးတွေပဲ ပါသွားပြီး သူတို့ရဲ့ကျော်ကြားမှုက မိုးပျံဒုံးကျည်ထက် တောင် ကျောတက်သွားပေဉီးမည်။ ဆိုတော့ ဘယ်သူက များ ဒီလိုအခက်အခဲပေါင်း သောင်းခြောက်ထောင်နဲ့ နယ်ဘက်ကို သွားပြီး ဒီလိုမှတ်တမ်းတင်ရုပ်ရှင်မျိုးမှာ ပါချင်လိမ့်မလဲ? နောက်ပြီး ရုပ်ရှင်က ဆုရခဲ့လျှင် တော် သေးတာပေါ့။ ထို့သို့မဟုတ်ဘဲ ရုပ်ရှင်က အဆင် မပြေခဲ့ လျှင် ပိုလို့တောင် ရှက်စရာကောင်းပေလိမ့်ဉီးမည်။ အချိန်နဲ့အင်အားတွေ ဖြုန်းတီးမှုသာ ဖြစ်ပေလိမ့်မည်။ ဒုက္ခသုက္ခက ခံရဉီးမည်။ ဆိုတော့ကာ မည်သူကမှ ထို ဇာတ်ကောင်နေရာကို မလိုလားတော့ချေ။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now