Chp 201 (U&Z)

1.2K 105 13
                                    

Unicode

အခန်း(၂၀၁)ဘဝအသစ်စတင်ခြင်း-၁

စုယာယာသည် သူမ ဘယ်လိုသတိလစ်သွားခဲ့သလဲ ဆိုတာ ပြန်စဉ်းစားလို့မရချေ။ အဆုံးသတ်မှာတော့ နိုး လာခဲ့သည်ပဲဆိုပါစို့။ သို့သော်လည်း အသိမဝင်တစ်ချက် ဝင်တစ်ချက်ဖြစ်နေစဉ်မှာ သူမနားထဲတစ်စုံတစ်ယောက် ၏ တိုးဖွဖွပြောသံကို ဝိုးတဝါးကြားလိုက်ရသည်။

"ယာယာ.. မသွားပါနဲ့...."

သူမ နိုးလာသောအခါ ဘေးမှာအိပ်ပျော်နေသော ချန်ရှုံ့ချီနှင့် သူမခါးပေါ်ရှိ သူ့လက်ကို မြင်လိုက်ရသည်။

ခဏလောက် မျက်နှာကျက်နှင့် မျက်နှာချင်းဆိုင် လှဲနေခဲ့ပြီး စိတ်ထဲရှိသည့် အတွေးတစ်ချို့ကို အလုပ် လုပ်ဖို့ကြိုးစားလိုက်ရသည်။ ထို့နောက် သက်ပြင်းဖွဖွ ချ၍ သူမ၏ခါးပေါ်ရှိ ချန်ရှုံ့ချီ၏လက်မောင်းကို ဂရု တစိုက်နှင့် ဖယ်ဖို့လုပ်ရပြီး အိပ်ယာထဲမှ အသာထွက် လာရသည်။

သူမရဲ့ဂါဝန်ကတော့ ဝတ်ဖို့မဖြစ်နိုင်တော့။ ရေချိုး ဖို့ကလည်း အဆင်မပြေနေပါ။ တကယ်လို့ ချန်ရှုံ့ချီ နိုးလာခဲ့လျှင် သူမ ထွက်သွားလို့ရနိုင်တော့မည်မဟုတ်။ ထို့ကြောင့် အင်တင်တင်ဖြင့် အဝတ်ဗီဒိုထဲမှ သူမ ဝတ် လို့ရနိုင်မည့် အနက်ရောင်ဂါဝန်အသစ်တစ်ထည်ကို ရှာ လိုက်ရသည်။ ထို့နောက် ခြေဗလာဖြင့် ဖော့နိုင်သမျှ ခြေဖော့ကာ ထွက်လာခဲ့ရသည်။ အောက်ထပ်သို့ အမြန် ပြေးဆင်းပြီး ဖိနပ်ဗီရိုထဲမှ ပေါ့ပေါ့ပါးပါးဖိနပ်တစ်ရန်ကို ရွေးစီးလိုက်သည်။ ထို့နောက် ခရီးဆောင်အိတ်ကိုဆွဲ၍ ဗီလာမှထွက်လာခဲ့တော့သည်။

စုယာယာ ထွက်သွားခဲ့ပြီးနောက် တစ်နာရီအကြာ မှာ ချန်ရှုံ့ချီနိုးလာခဲ့သည်။ မျက်လုံးမဖွင့်သေးဘဲနှင့် အိပ်ယာဘေးသို့ လက်ဆန့်၍ ကိုယ်နွေးနွေးလေးကို ရှာ နေသည်။ တစ်စုံတစ်ရာပျောက်ဆုံးနေမှန်း ဝိုးတဝါး ခံစားမိသည်။ စုယာယာသည် ဒီနေရာမှာ မရှိနိုင်တော့ ဘူးဆိုတာကို သတိမပြုမိခင် တုန်လှုပ်ခြောက်ခြားမှု ကြောင့် မျက်လုံးတို့ပွင့်သွားခဲ့သည်။

"ယာယာ..."

အမြန်အိပ်ယာထဲမှ လှိမ့်ဆင်း၍ တစ်ခန်းလုံးကို လိုက်ရှာခဲ့သည်။ ထို့နောက် အောက်ထပ်သို့ပြေးဆင်း ကာ ဗီလာတစ်ခုလုံး လိုက်ရှာခဲ့သည်။ လုံးဝပင် စုယာ ယာ၏အရိပ်အယောင်ကို မတွေ့ရပါ။ အဆုံးမှာတော့ သူမ တကယ်ထွက်သွားခဲ့ပြီဆိုတာ လက်ခံလိုက်ရတော့ သည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now