Chp 206 (U&Z)

1.1K 91 11
                                    

Unicode

အခန်း(၂၀၆) သူမက သူ့ကို မချစ်ခဲ့ဖူးဘူး-၂

ချန်ရှုံ့ချီသည် စားပွဲခုံမှာထိုင်နေရင်းဖြင့် အနုပညာ လောကမှနုတ်ထွက်ကြောင်း စုယာယာ တင်ထားသည့် ပို့စ်ကို ကြည့်နေခဲ့သည်မှာ အချိန်ကြာမြင့်လှချေပြီ။ သူ့ အကြည့်တို့က ပို့စ်ပေါ်မှာပဲမြဲမြံနေကာ စုယာယာ၏ ပရိုဖိုင်ကို ကျော်လွန်၍ မြင်ရဖို့ကြိုးစားနေသယောင်။

ဒီပုံစံအတိုင်းနေနေသည်မှာ နာရီဝက်ခန့် ကြာချေ ပြီ။ လက်ချောင်းများကြားရှိ စီးကရက်ပင် ငြိမ်းသွားခဲ့ ပြီ။ မီးပွားက လက်ချောင်းတွေကို လာထိချိန်မှသာ အသိဝင် လာခဲ့တာဖြစ်သည်။

စီးကရက်ဖင်ကို အကြမ်းပတမ်း ခြေမွပစ်ရင်း ပြာခွက်ထဲသို့ တိုးခြေပစ်လိုက်၏။ စုယာယာ၏ပရိုဖိုင်ပုံ ကို စိုက်ကြည့် ရင်းတွေးနေခဲ့သည်။ သူမက တကယ်ပဲ ဒီလိုမျိုးအတိုင်းနဲ့ ထွက်ခွာသွားခဲ့ပြီပေါ့? မည်သည့်တွန့် ဆုတ်မှုမျိုး သံယောဇဉ်အမျှင်တန်းလေးပင် မရှိဘဲ ထွက် သွားခဲ့ပြီပေါ့? သူ့အား အသက်ရှူဖို့အချိန်လေး ခဏပင် မဟုတ်သေး, လက်ရှိအခြေအနေကို ပြန်ပြင်ဖို့ ဖြစ်နိုင် ခြေလေးတစ်ခုပင် မပေးခဲ့ဘူး။ ပြတ်ပြတ်သားသား ထွက်သွားခဲ့ပြီ။ ညှိနှိုင်းဖို့အခွင့်အရေးလေးပင် မချန်ထား ခဲ့ပေ။

ထို့နေ့တုန်းက အိမ်ကို အလောတကြီး ပြန်သွားခဲ့ပေ မယ့် တိုက်တိုက်ဆိုင်ဆိုင် အထုပ်အပိုးတွေနှင့် ထွက် သွားဖို့ရာ အသင့်ဖြစ်နေသောသူမကို တွေ့ခဲ့ရ၏။ ဒေါသ အလိုက် ခံစားချက်များကို မထိန်းချုပ်နိုင်တော့ကာ ထို့ အတွက်ကြောင့်ပင် သူမအား ထပ်ခါတလဲလဲအနိုင်ကျင့် မိခဲ့ခြင်းပေ။ သူ့စိတ်ထဲတွင် အတွေးတစ်ခုထဲသာ ရှိနေ ခဲ့၏။ သူမကို ဒီနေရာမှာ ဆက်လက်ရှိနေစေဖို့ရာနှင့် မထွက်သွားစေဖို့ရာ။

ဘာကြောင့် ထို့ကဲသို့ စိတ်လွတ်သွားခဲ့ရသလဲ? နောက်ပိုင်းမှာ ပြန်လည်တွေးတော့ခဲ့မိသည်။ မိန်းမ တစ်ယောက်ကို လိုက်ရတာ မခက်ပါဘူးလို့ပြောခဲ့တဲ့ အနှီသကောင့်သား ကျောင်ချန်ကွမ်ကြောင့်သာ ဖြစ် သည်။ တစ်ကြိမ်တည်းနှင့် မလုံလောက်လျှင် ဒုတိယ အကြိမ် ထပ်လုပ်ဖို့။ နှစ်ကြိမ်ကသာ မလုံလောက်ခဲ့လျှင် ထပ်လုပ်ဖို့။ သူမ နာခံရိုးကျိုးလာသည်အထိ ထပ်ခါ တလဲလဲလုပ်ဆောင်ဖို့။ ထိုအချိန်ကျလျှင် သူမဟာ ဘယ် လိုလုပ် မင်းကို စွန့်ခွာသွားပါတော့မလဲ?

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now