Chapter 161+162(Unicode)

1.2K 85 1
                                    

အခန်း(၁၆၁)မင်းကိုယ့်ကို အဲ့သည်လောက်တောင် မုန်း နေတာလား? -၁

ဒါ့ထက်ရှင်းတာတောင် ဒီလောက်မရှင်းနိုင်တော့ပေ ။ စုယာယာကို ကယ်ပေးခဲ့သောသူအတွက်အလို့ငှာ လုပ်ငန်းလိပ်စာကဒ်ကို ထုတ်ပေးလာပြီး အကူအညီ လိုရင် လာရှာလို့ရကြောင်းပါ ကတိပေးလိုက်သေးသည်။ တဲ့တိုးပြောရမယ်ဆိုရင်တော့ သူက စုယာယာကိုသာ လုံးလုံးဂရုစိုက်ပြီး သူမကို အပြစ်ရှိသလိုခံစားရမှာ မလို လားခြင်းပင်။ ထို့အတွက်ကြောင့် ဒီလိုကတိမျိုးကို ကမ်းလှမ်းခဲ့ရခြင်းပင် ဖြစ်ပေသည်။

စုယာယာသည် ရွှီချုံခွင့်က သူဘေးကင်းကြောင်း ဖန်တွေကို အသိပေးထားဖို့ Weiboပေါ်မှာ ပို့စ်တင်ထား ကြောင်း သိလိုက်ရသောအခါ သူမကလည်း ထိုပို့စ်ကို ပြန်တင်ပြီး ကျေးဇူးတင်ကြောင်းပို့စ့်တစ်ခု ရေးတင် လိုက်သည်။

ထို့နောက် အခန်းသို့ ပြန်မလာသေးခင် ချန်ရှုံ့ချီနှင့် စုယာယာတို့ အဲ့မှာခဏလောက်ကြာအောင် နေခဲ့ကြ၏။

သူမရဲ့ဆေးရုံခန်းထဲသို့ ပြန်ရောက်လာသောအခါ ချန်ရှုံ့ချီက သူမကို အိပ်ယာပေါ် ချီပို့ပေးသည်။

စုယာယာက အိပ်ယာပေါ်မှာ ပျင်းရိနေတာကြောင့် ချန်ရှုံ့ချီကို ပြောလိုက်သည်။

"ဂိမ်းဆော့ရအောင်"

ချန်ရှုံ့ချီက သူမကိုကြည့်ပြီး ခေါင်းညိတ်သည်။

"ဆော့တာပေါ့"

ထိုသို့နှင့် သူတို့နှစ်ယောက် ဂိမ်းထဲသို့ဝင်ခဲ့လိုက်ကြ သည်။ ဆော့ဖော်ဆော့ဖက်တစ်ချို့ကို ဖိတ်ခေါ်ကာ မြေအောက်အကျဉ်းတိုက်ထဲသို့ ဝင်ခဲ့ကြပြီး ဘော့စ်တွေ ကို ညှင်းဆဲခဲ့ကြ၏။

"ဟားဟား, ငါတို့နိုင်ပြီ,ငါတို့နိုင်ပြီ!"

ပွဲတွေ တောက်လျှောက် ကစားလာခဲ့ပြီးနောက် စု ယာယာနှင့် ချန်ရှုံ့ချီတို့အသင်းသည် အောင်ပွဲအကြီးစား တစ်ခုကို အနိုင်ရလိုက်သည်။ စုယာယာကို အလွန့် အလွန်ပျော်စေခဲ့၏။

သူမ အသိဝင်လာချိန်မှာတော့ ကောင်းကင်က အတော်လေး မှောင်မဲလို့နေခဲ့ပြီ။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now