Chp 226-230(Unicode)

1.3K 94 8
                                    

အခန်း(၂၂၆) အပြစ်ပေးခြင်း-၂

"ဒီလမ်းအတိုင်း သွား.. ငါက ဟိုလမ်းကနေ သွား မယ် ... နောက်ပြီး ဒီနေရာမှာဆုံကြမယ်"

ချန်ရှုံ့ချီသည် မြေပုံအကြမ်းတစ်ခုဆွဲပြီး အဖွဲ့သား များနှင့် နည်းဗျူဟာ ဆွေးနွေးနေသည်။

ရွှီချုံခွင့်က ခေါင်းညိတ်၏။

"အိုကေ, ဒီအစီအစဉ်အတိုင်းပဲ"

ချန်ရှုံ့ချီသည် အနောက်ဘက်မှထွက်လာခဲ့ပြီး ရွီ ချောင်ရန်၏စခန်းဆီ တောထဲလမ်းအတိုင်း လာခဲ့သည်။ ရှေ့ဆီမှ တိုက်ခိုက်နေကြသည့်အသံများကို ခပ်တိုးတိုး ကြားရ၏။ ရွှီချောင်ရန်၏စခန်းဆီ မြန်နိုင်သမျှ အမြန် ဆုံး ချဉ်းကပ်၍ သစ်ပင်အကြီးကြီးနောက်ကွယ်မှာ ပုန်း ကာ စခန်းထဲသို့ ခိုးထောက်လှမ်းလိုက်သည်။ ချန်ချောင့် ဟာ စခန်း၏ဗဟိုအလံကို စောင့်ကြပ်နေသည်အား စောင့်ကြည့်နေ၏။ အလံတိုင်ကို ဖယ်ရှားဖို့ရာအလို့ငှာ သူ့ကို ရှင်းထုတ်ပစ်ရပေမည်။ တိတ်တဆိတ် ချဉ်းကပ် သွားပြီး အက်ကြောင်းနေရာကို ဖြတ်၍ သေနတ်ကိုမ ကာ ချန်ချောင့်၏ရင်ဘတ်ကို ချိန်လိုက်သည်။

ဘမ်းဆိုသည့်အသံတစ်ခုနှင့် ချန်ချောင့် ဆောင်း ထားသောဉီးထုပ်ကနေ အသိပေးသံတစ်ခု ထွက်ပေါ် လာ၏။ ချန်ရှုံ့ချီသည် သူ့ကိုထိသွားပြီဆိုတာ သိလိုက် ပြီး အမြန်မတ်တပ်ရပ်ကာ ဗဟိုအလံတိုင်ဆီ ပြေးသွား ပြီး ပစ်၏။

ရွှီချောင်ရန်သည် ရွှီချုံခွင့်နှင့် တိုက်ခိုက်နေဆဲဖြစ် သည်။ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ၏။ ရွှီချုံခွင့်ကို ပစ်ဖို့ ပဲလိုတော့သည့်အချိန်မှာ ရုတ်ချည်း သူ့ဉီးထုပ်ဆီမှ သူ့ အဖွဲ့ကျရှုံးကြောင်း အသိပေးသံတစ်ခုကို ကြားလိုက်ရ ရှာသည်။

"ဘာဖြစ်သွားတာလဲ?"

ရွှီချောင်ရန်သည် သူ့လက်ထောက်ဖြစ်သူ, ဟဲရန် ပင်း အား နားမလည်နိုင်စွာမေး၏။ ဟဲရန်ပင်းသည် ပြန် လည် မတုံ့ပြန်နိုင်လိုက်ခင်မှာ ကြောင်အမ်းလို့နေ၏။

"ငါတို့ စခန်း..."

ချက်ချင်းပင် ရွှီချောင်ရန်၏ကျိန်ဆဲသံ ထွက်ပေါ်လာ ၏။ ထူးဆန်းတယ်လို့တော့ထင်သား။ လမ်းမှာ ရွှီချုံခွင့် နှင့်ဆုံပေမယ့် ချန်ရှုံ့ချီမပါခဲ့။ ဖြစ်ချင်တော့ သူတို့ရဲ့စခန်း ကို နောက်ကနေ အငိုက်ဖမ်းသွားတာပဲ။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now