{T/N: အရင်ရက်တွေ မတင်ဖြစ်တဲ့ အကြွေးအကုန်ဆပ်မယ်.. ၁၀ ပိုင်း တင်ပေးမယ်နော် }
အခန်း(၂၁၁)လမ်းခွဲလိုက်ပြီလား-၁
Agritourism အဖွင့်နေ့မှာ စုယာယာ၏ဆွေမျိုးတွေ အကုန်လာကြ၏။ စုပါးပါးနှင့်မားမားတို့မှာ ဧည့်သည် များကို ဧည့်ခံရင်း အလုပ်ရှုပ်နေကြပြီး ခြံဝန်းထဲရှိ စားပွဲ အတော်များများမှာလည်း လူပြည့်နေ၏။
စုရှောင်ရွှမ်နှင့် ဉီးလေးစုတို့ အတူလာခဲ့ကြသည်။ သူမက ရောက်လာသည်နှင့် စုယာယာကို ရှာတော့၏။ ခြံနောက်ဘက်ရှိ ပန်းခင်းရှေ့မှရပ်နေသော သူမကို လှမ်း မြင်လိုက်သည်။ စုယာယာ၏လက်မောင်းများကို တွဲခိုဖို့ ရာ ပြေးသွားရင်းအော်ခေါ်သည်။
"မမ, နင်က တကယ်တော့ ဒီရောက်နေတာပဲ.. ငါ နင့်ကို လိုက်ရှာနေတာ အကြာကြီးရှိပေါ့"
စုယာယာသည် ခေါင်းကိုစောင်းလိုက်ကာ စုရှောင် ရွှမ်အား ကြည့်ပြီးနောက် သူမလက်မောင်းပေါ်ရှိ လက် တစ်ဖက်ကို ဆက်ကြည့်နေသည်။ ဘာစကားမှမဆိုဘဲ နှင့် သူမရဲ့လက်မောင်းကို ပြန်ဆွဲယူလိုက်ပြီး မတိုး မကျယ်ပြောလိုက်သည်။
"ငါ့ကို ဘာအတွက် လိုအပ်လို့လဲ?"
စုရှောင်ရွှမ်နှင့်စုယာယာတို့သည် နှစ်ဝက်ခန့်သာ ဝေးကွာနေခဲ့ကြပေမယ့် ဆက်ဆံရေးကောင်းကောင်း တော့ မရှိ။ စုရှောင်ရွှမ်သည် ကလေးဘဝကတည်းက စုယာယာ၏အလှတရားကို မနာလိုခဲ့ပြီး သူမနောက် ကွယ်မှာ မကောင်းကြောင်း အတင်းပြောတတ်သည်။ လျှောက်ပတ်သွားပြီး စုယာယာမှာ ရည်စားအများကြီး ရှိကြောင်း၊ အဝတ်အစားလဲဝတ်သလို မကြာခဏ ပြောင်းလဲတတ်ကြောင်း အသရေဖျက်ပြောဆိုခဲ့သည်။ စုယာယာ အနုပညာလောကထဲ ဝင်ရောက်ပြီး ကောလ ဟာလထွက်ခဲ့စဉ်ကလည်း တမင်တကာကို စုပါးပါးနှင့် စုမားမားတို့ကို ပြောပြဖို့ စုမိသားစုအိမ်ကို သွားခဲ့ပြီး ဒေါသတကြီးနှင့်သူမကို မောင်းထုတ်သည်အထိ ဖြစ်စေ ခဲ့သည်။ စုယာယာ ဒါတွေအားလုံးကို သိ၏။ စုမားမားက သူမကို ဒီအကြောင်း အရင်ကပြောဖူးသည်။ သူမမှာ မူရင်းခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်အချို့ရှိနေဆဲဖြစ် ရာ စုရှောင်ရွှမ်အပေါ် အမြင်ကောင်းကောင်းမရှိချေ။ သူမ ရော သူမ၏အဖေ, ဉီးလေးစုရောက အတူတူနှင့် အနူနူ ပင်။ သူတို့အတွက် တန်ဖိုးရှိနေချိန်မှာ သူမကို ဖားယား နေကြရုံသာ။