Chp 291-295

929 59 0
                                    

အခန်း(၂၉၁) ကိုယ်မင်းကို ချစ်တယ်-၁

ချန်ရှုံ့ချီသည် အန်ယွီထုန်၏ အမူအရာကို ကြည့် လိုက်ရုံနဲ့တင် သိလိုက်ပြီ။ သူ အလွန့်အလွန် စိတ်ပျက်မိ သည်။

USမှာ ရက်အနည်းငယ် နေခဲ့သည့်အတွင်း အစက တည်းက ဘာအကြောင်းပြချက်ကြောင့် အန်ယွီထုန် US ကို သွားခဲ့ရသလဲဆိုတာကို အမှတ်တမဲ့ မမျှော်လင့်ဘဲ သိခဲ့ရ၏။ ထိုကိစ္စတွေ အားလုံးရဲ့နောက်ကွယ်က အန် ကျားရှောင်ဖြစ်သည်။ နောက်ပြီး ဟိုမှာ သူမ,လုပ်ခဲ့သည့် ကိစ္စတွေကလည်း အန်ကျားရှောင်၏စီမံမှုများသာ။

သူ၏မိဘများရဲ့ကွာရှင်းမှုက သူ့ဘဝမှာ အရိပ်တစ် ခုလို ကျန်ထားရစ်ခဲ့၏။ ထို့ကြောင့် သူတို့နှစ်ယောက် ပြတ်စဲသွားမှာမျိုး၊ ကွဲသွားမှာမျိုးကို မလိုလားခဲ့တာဖြစ် ပြီး သူတို့ရဲ့လက်ထပ်ပွဲကို အကြောင်းပြချက်အနေနဲ့ အသုံးပြုကာ သူမကို သူ့ဘေးမှာ ထားချင်ခဲ့သည်။ သို့ သော် သူမကတော့ ထွက်သွားဖို့ကိုသာ အလိုရှိနေခဲ့ သည်။

အစကတော့ သူ ဘက်က ကောင်းကောင်းမလုပ်ခဲ့ လို့ သူမ သူ့ကို ထားသွားရတယ်ဆိုပြီး တွေးခဲ့သည်။ သူမ ထွက်သွားခဲ့ပြီးနောက် သူမကို သွားရှာဖို့သတ္တိမရလာခင် အထိ နှစ်ဝက်လောက် စိတ်ဓာတ်တွေကျ, ပြိုလဲခဲ့သည်။ ဒါပေမယ့် သူမက အခြားသူတစ်ယောက်နဲ့အတူ ရှိနေခဲ့ သည့်ပုံရိပ်ကိုသာ မြင်တွေ့ခဲ့ရသည်။ နောက်ဆုံးမှာတော့ သူဝမ်းနည်းစွာဖြင့်သာ ဒီပတ်သတ်မှုကို မေ့ပစ်ဖို့ရာ ဆုံးဖြတ်ခဲ့လိုက်တော့၏။

အမှန်တရားကို သိလိုက်သည့်အချိန်မှသာ သူဟာ လုံးဝ အရူးကောင်၊ ငတုံးကောင် ဖြစ်ခဲ့တာပါလားဆိုတာ သိလိုက်ရ၏။ ထိုစဉ်တုန်းက သူအန်ယွီထုန်ကို နိုင်ငံခြား မသွားစေချင်ခဲ့ပေ။ သို့သော် သူမက ဘာကြောင့်များ သွားချင်ခဲ့ရပါသလဲ? ထိုသည်မှာ အန်ယွီထုန်နှင့် အန် ကျားရှောင်တို့ရဲ့စိတ်ထဲမှာ ကိုယ်စီကိုယ်စီ အစီအစဉ် တွေ ရှိနေခဲ့လို့သာ။ သူဟာ အမှောင်ထဲမှာ အချိန်အကြာ ကြီးပိတ်မိနေခဲ့ပြီး သူတို့ဆီက‌နေ အရူးလုပ်ခံခဲ့ရသည်။

လက်ရှိမှာတော့ စိတ်ပျက်သွားခဲ့ပါသော ချန်ရှုံ့ချီက အန်ယွီထုန်ကို ပြောလိုက်၏။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now