အခန်း(၁၇၄)ကောလဟာလ-၁
စုယာယာသည် သူမ၏ထိုပုံစံအတိုင်း ခဏလောက် မတ်တပ်ရပ်နေမိ၏။ အပြင်ဘက်မှာ ဘာလှုပ်ရှားမှုမှ မရှိ တော့ဘူးဆိုတာသေချာမှ အိပ်ယာထဲဝင်၍ အိပ်ခဲ့သည်။
ဒီနေ့ညမှာ စုယာယာ ကောင်းကောင်း အိပ်မပျော်ခဲ့ ပါ။ သူမရဲ့အိမ်မက်ထဲတွင် သူမအား ဓားသွားထက်ထက် တွေ ပစ်လွှတ်နေသလိုမျိုး စူးရဲစွာစိုက်ကြည်နေသော ချန်ယန်ကို တွေ့လိုက်ရသည်။ သူမ ပြောမပြတတ် လောက်အောင် ကြောက်ရွံနေပြီး ချန်ရှုံ့ချီ၏နောက်မှာ ပုန်းနေမိသည်။ သူမကို ကယ်တင်ပေးဖို့ရာ ချန်ရှုံ့ချီအား သနားစရာကောင်းအောင် ခေါ်နေခဲ့ပြီး သူကတော့ နတ်ဘုရားတစ်ပါးလိုပင် သူမရဲ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်၍ သူမကို ကာကွယ်ပေးနေသည်။ အကြောက် အရွံ့မရှိ အသံဩဇာကောင်းကောင်းဖြင့် ပြောနေ၏။
"မင်း သူမကို ထိရဲရင် မင်း လွယ်လွယ်နဲ့လွတ်မှာ မဟုတ်ဘူးလို့ အာမခံတယ်"
ချန်ရှုံ့ချီ၏သတိပေးချက်က အလွန်တရာ အကျိုးရှိ ခဲ့ပြီး ချန်ယန်၏မျက်နှာက ဖြူစုတ်သွားတော့၏။ သူမ ၏အကြည့်စူးစူးတို့ကို ပြန်ရုတ်သိမ်းကာ ညှိုးငယ်စွာဖြင့် ထွက်ပြေးသွားတော့သည်။
စုယာယာက အလွန်အမင်းပျော်သွားခဲ့၏။ ချန်ရှုံ့ချီ ကို ဖက်၍ပြောသည်။
"လောင်ကုန်း, ကိုက အရမ်းကိုမိုက်တာပဲ!"
ချန်ရှုံ့ချီက ပြုံးကာ သူမရဲ့ခေါင်းကို ပုတ်ပေး၏။
"လိမ္မာလိုက်တဲ့ ကောင်မလေး!"
အစကတော့ဖြင့် သူမဟာ ဟိုးအရင့်အရင်ကတည်း က လိမ္မာတဲ့ကောင်မလေးပါနော်လို့ ပြောချင်မိခဲ့ပေမယ့် ချန်ရှုံ့ချီ၏အမူအရာ ပြောင်းလဲသွားမှုကို မြင်လိုက်ရ၏။
"လျှောက်သွားနေပြီး ငါဆီ ပြဿနာသယ်လာခဲ့ပြန် ပြီလား? မင်း-င်ကိုမင်း ဂရုစိုက်နေတာကောင်းမယ်!"
ထို့နောက် ဖုန်းမြည်သံကြောင့် လန့်နိုးလာခဲ့တော့ သည်။ သူမရဲ့မျက်လုံးတို့ကို ပွတ်၍ အိပ်ယာပေါ်ထထိုင် ပြီး ဖုန်းရှာရသည်။ ဖုန်းကိုင်လိုက်သည့်အချိန်မှာတော့ သွမ့်ရှောင်ယွီ၏ အသံပွင့်အံကျလာသည်။
