Chp 205 (U&Z)

1.1K 106 10
                                    

Unicode

အခန်း(၂၀၅) သူမက သူ့ကို မချစ်ခဲ့ဖူးဘူး-၁

ဖုန်းချလိုက်ပြီးနောက် စုယာယာသည် စုမားမားကို ဖုန်းဆက်ဖို့ပြင်လိုက်သည်။ သို့သော် မဆက်ရသေးခင် မှာ နောက်ဖုန်းကောလ်တစ်ခု ဝင်လာခဲ့ပြန်၏။ ဒီတစ် ကြိမ်မှာတော့ ဒါရိုက်တာကျုံတုန်ကွမ်က ဆက်နေခြင်း ဖြစ်သည်။

"ဒါရိုက်တာကျုံ မင်္ဂလာပါရှင့်"

စုယာယာသည် ဖုန်းကိုင်လိုက်ပါသည်။

ကျုံတုန်ကွမ်သည် ဖုန်းပြောဖို့ကို ခဏလောက် မှင်သက်နေခဲ့သည်။

"ကြည့်ရတာတော့ စိတ်ရွှင်နေသလိုပါပဲလား? မင်း တကယ်ကြီး အနုပညာလောကကနေ ထွက်လိုက်တာ လား?"

"တကယ်ပါ တကယ်ပါ.. Weiboပေါ်မှာ ပြောထား တယ်လေ... ပြီးပြီးရောပြောလိုက်တာမျိုး မဟုတ်ပါဘူး နော်" ဟု ပြောကာ တခစ်ခစ်ရယ်လိုက်သည်။

ကျုံတုန်ကွမ်ကလည်း လိုက်ရယ်၏။

"ဒါဆိုရင်တော့ ငါ နောက်ရိုက်မယ့်ဇာတ်လမ်းတွဲ အတွက် ဇာတ်လိုက်မင်းသမီးကို မရနိုင်တော့ဘူးပေါ့?"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲရှင်? ဒါရိုက်တာကြီးနဲ့ တူတူ တွဲရိုက်ချင်တဲ့မင်းသမီးတွေမှပုံလို့ ... သတင်းဖြန့် လိုက်တာနဲ့ ရိုက်ကူးဖို့တန်းစီနေမယ့် မင်းသမီးတွေ မရေမတွက်နိုင်အောင်ရှိနေမှာ ... ကြိုက်ရာရွေးလိုက်လို့ ရတယ်... ဒါရိုက်တာကြီး သဘောကျတဲ့သူမျိုး တွေ့ မယ်လို့ ကျွန်မ အာမခံတယ်"

ဒါရိုက်တာကျုံတုန်ကွမ်၏ဇာတ်လမ်းကို စရိုက်စဉ် က သူသည် သူမကို အတော်လေး သဘောမကျဖြစ်ခဲ့ပုံ အား မှတ်မိပါသေးသည်။ ကံကောင်းစွာဖြင့် သူမ၏ အလုပ်ကြိုးစားမှုနှင့် သရုပ်ဆောင်အရည်အချင်းများက သူ့စိတ်ကို ပြောင်းလဲပေးလိုက်နိုင်ခဲ့ပါသည်။ တစ်နည်း တစ်ဖုံ မိတ်ဆွေကောင်းတွေတောင် ဖြစ်လာခဲ့ကြ၏။

"ဟင်း နှမျောစရာပဲ.. တကယ် သရုပ်ဆောင်မလုပ် တော့ဘူးလား? အစကတည်းက မင်းကို ဇာတ်လိုက် မင်းသမီးနေရာမှာ ထားရိုက်ဖို့ တွေးထားတဲ့ဒရာမာရှိပြီး သား.. ခုတော့ မင်းက အနုပညာလောက,ကနေ ထွက် သွားပြီဆိုတော့ ငါ့အတွက် သတင်းဆိုးဖြစ်သွားတာပေါ့"

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now