Chapter 176+177(Unicode)

1.1K 86 2
                                    

စာစဥ်(၈) ဤတွင် စ၏။

အခန်း(၁၇၆)

ရွှီချုံခွင့်နှင့်စုယာယာတို့ ထိုအကြောင်းကို သိလိုက် ရချိန်တွင် နှစ်ဖက်စလုံးမှဖန်များအား ရန်မဖြစ်ကြတော့ ဖို့ တောင်းဆိုနှစ်သိမ့်သည့်ပို့စ်များ တင်ခဲ့ကြသည်။ အားလုံး တစ်ဉီးနှင့်တစ်ဉီး သင့်သင့်မြတ်မြတ် နေကြပြီး ချစ်ချစ်ခင်ခင်ရှိကြဖို့။ သို့သော် အဆုံးသတ်မှာတော့ သိပ် များများစားစား မထိရောက်ခဲ့ဘဲ အင်တာနက်ပေါ်မှာ သဘောထားကွဲလွဲမှုတို့ ဆက်ဖြစ်နေဆဲဖြစ်သည်။

ဒုတိယမြောက်နေ့မှာတော့ ချန်ရှုံ့ချီသည် နိုင်ငံခြား မှ ပြန်လာခဲ့၏။ လေယာဉ်ပေါ်မှ ဆင်းဆင်းချင်းပင် လေဆိပ်မှာ စောင့်ဆိုင်းနေကြသော သတင်းသမားတွေ ထံမှ ရပ်တန့်ခြင်းခံလိုက်ရ၏။

သတင်းထောက်တစ်ဉီးက မေးသည်။

"မစ္စတာချန်,အင်တာနက်ပေါ်မှာ #ခွင့်ယာ စုံတွဲက နာမည် ပိုရလာတဲ့အ‌ပေါ် ဘယ်လိုတွေးလဲဗျ? ဒီကိစ္စ အပေါ် ဗဟိုပြုနေသော နှစ်ဉီးနှစ်ဖက်စလုံးဆီမှ သဘော ထားကွဲလွဲမှုကိုရော ဘယ်လိုမြင်လဲဗျ?"

"မစ္စတာချန်, မစ်စုယာယာနဲ့မစ္စတာရွှီချုံခွင့်တို့ ကြား ဆက်ဆံရေးက ဘယ်လောက်ကောင်းလဲဆိုတာ သိလား ဗျ?"

"ရွှီချုံခွင့်နဲ့စုယာယာအတွဲက ခင်ဗျားနဲ့စုယာယာတို့ အတွဲထက် ပိုလိုက်ဖက်တယ်လို့ပြောထားတဲ့ #ခွင့်ယာ ဖန်တစ်ဉီးရှိနေပါတယ်.. ခင်ဗျားရော ဘယ်လိုတွေးပါ သလဲ?"

"မစ္စတာချန်, ခင်ဗျား ဘယ်လိုတွေးထားလဲဆိုတာ ပြောပြပေးသွားပါဉီး..."

ချန်ရှုံ့ချီသည် လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုမှာ ရက်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရပြီး နာရီပေါင်း ၄၀ ကျော် ကြာအောင် မအိပ်ခဲ့ရပေ။ နောက်ဆုံး လက် အောက်ခံကုမ္ပဏီ၏ ပြဿနာတွေကို ကိုင်တွယ်ပြီးတဲ့ နောက်မှာလည်း လေယာဉ်ပေါ်တက်၍ ဒီကိုအမြန်ပြန် လာခဲ့ရသည်။ သူ၏မိခင်ကုမ္ပဏီကို ကြည့်ရှုပေးရဉီးမည့် ဘီလီယမ်နဲ့ချီသော ရင်းနှီးမြှုပ်နှံရေး ပရောဂျက်တစ်ခု ရှိနေသည်လေ။ သူအနေဖြင့် လေယာဉ်ပေါ်တွင် နာရီ အနည်းငယ်ခန့်သာ အိပ်စက်ခဲ့ရတာကြောင့် အင်တာ နက်ပေါ်မှာ ဖြစ်ပျက်နေသည့်အရာတွေနှင့် ပတ်သတ်၍ ဘာမှရှင်းရှင်းလင်းလင်း မသိရသေးချေ။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now