စာစဉ် ၁၄ ဤတွင်စ၏။
အခန်း(၃၂၆) အတိတ်မှာ ကျန်ခဲ့ပြီ -၁
နောက်ဆုံးတော့ တစ်မနက်တာ ကုန်သွားပြီး နေ့ လည်စာ,စားချိန်ရောက်လာခဲ့ပြီ။ သူမရဲ့လုပ်ဖော်ကိုင် ဖက်တွေက သူ့အဖွဲ့နဲ့သူ ထွက်သွားခဲ့ကြပေမယ့် စုယာ ယာကိုတော့ ဖိတ်ခေါ်တဲ့သူမရှိခဲ့ပေ။
အချိန်က တရွေ့ရွေ့ကုန်ဆုံးနေပေမယ့် စုယာယာက တော့ သူမရဲ့ထိုင်ခုံမှာ ထိုင်နေတုန်းပင်။ တမနက်လုံးစာ သူတို့၏ ပျင်းရိဖွယ် အတင်းစကားတွေရဲ့ အသံတွေနှင့် သူမ နားတွေပင် အူနေခဲ့ပြီ။ အခုလို တိတ်ဆိတ်သွားကာ မှ မျက်စိကိုမှိတ်လို့ အနားယူနိုင်တော့၏။
"ထမင်း သွားမစားဘူးလား?"
အမျိုးသမီးတစ်ဉီး၏ အသံကို ကြားလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဌာနမှူးက သူမအား ပြော နေခြင်းပင်။
စုယာယာ အမြန်ထရပ်လိုက်သည်။
"ကျွန်မ ခဏနေမှ သွားမလို့ပါ"
"ဒါဆို ငါနဲ့လိုက်ခဲ့"
အမျိုးသမီးဌာနမှူးက သူမကို နေ့လည်စာ,စားဖို့ ဖိတ် ခေါ်လာခဲ့၏။
တွေးကြည့်လိုက်ပြီးတဲ့နောက် စုယာယာ ခေါင်းငြိမ့် ပြီး 'အိုကေ'ကြောင်းပြောသည်။ ထို့နောက် သူမရဲ့အိတ် ကို လွယ်၍ အမျိုးသမီးဌာနမှူးနှင့်အတူ ထွက်လာခဲ့ သည်။
ကုမ္ပဏီမှာက ကန်တင်းရှိ၏။ နေ့လည်စာ စားချိန် ဖြစ်တာကြောင့် စားသောက်နေကြသူ အတော်အသင့် ရှိ သည်။ စုယာယာနှင့်အမျိုးသမီးဌာနမှူးတို့ ဝင်လာသော အခါ လူအတော်များများက ထိုအရာကို သတိပြုမိခဲ့ကြ ပြီး တီးတိုးတီးတိုးနှင့် အတင်းတုတ်ဖို့ရာ အလျင်သင့် သွားတော့တာပေါ့။
"အဲ့နှစ်ယောက်က အတူလာကြတာပဲ.."
"ဟုတ်မှာပေါ့ဟယ်.. အတူတူချင်း ပေါင်းကြတာ ပေါ့"
ထိုလူတွေရဲ့တီးတိုးတီးတိုးအသံတွေအဖို့ စုယာယာ နဲ့အမျိုးသမီးဌာနမှူးတို့ နှစ်ဉီးစလုံး လျစ်လျူရှူထားဖို့ သာ ဆုံးဖြတ်ထားသည်။ ကိုယ်ကြိုက်ရာအသီးသီးရွေးပြီး ကိုယ့်ပန်းကန်ကိုယ် ယူ၍ ပြတင်းပေါက်နားက စားပွဲ နားမှာ နေရာယူခဲ့ကြသည်။
