Chp 189 (U&Z)

966 83 5
                                    

Unicode

အခန်း(၁၈၉)Proposal ring-1

စုယာယာသည် ထွက်ရန်အသင့်ဖြစ်နေခဲ့ပြီး ကား ပါကင်မှထွက်ခွာဖို့ ကားစက်ကို နှိုးခဲ့ပေမယ့် သိပ်ဝေးဝေး ပင် မရောက်သေးခင်မှာ သူမရဲ့ရှေ့တွင် ချန်ရှုံ့ချီနှင့် ရွှီခိုင်တို့၏ကားကို တွေ့လိုက်ရတော့သည်။

ချန်ရှုံ့ချီက သူမရဲ့ကားနံပါတ်ပြားကို သိ၏။ ဤကဲ့ သို့ အခြေအနေမျိုးမှာ အရှိန်ကိုမြင့်၍မမြင်အောင် ရှောင် ရင်း သူတို့ကို ကျော်တက်သွားခြင်းက စိတ်ကူးကောင်း တော့ မဟုတ်နိုင်။ စုယာယာ အရှိန်ကို လျော့ချလိုက်၍ ကြားထဲမှာ ကားတစ်ချို့နှင့် အကွာအဝေးကို ခြားထား လိုက်ပြီး သူတို့နောက်မှ နှေးကွေးစွာလိုက်လာခဲ့သည်။

စုယာယာ သူမဖာသာ တွေးထားသည်က ရှေ့လမ်း ဆုံကျလျှင် လမ်းခွဲတွေ များစွာရှိတာကြောင့် သူမကို မြင်သွားမှာ ပူစရာမလို့တော့ဟုပင်။

သို့သော် ကားသည် လမ်းဆုံကိုဖြတ်၍ တန်းတန်း မတ်မတ် ဆက်သွားမည်ဟု မည်သူသိပါလိမ့်မလဲ။ ချန်ရှုံ့ချီနှင့်ရွှီခိုင်တို့၏ကားက လမ်းဖြောင့်အတိုင်း သွား နေဆဲဖြစ်သလို စုယာယာသည်လည်း ထိုအတိုင်း သွားရ မည်။ ဆိုလိုတာကတော့ သူတို့ လမ်းကြောတစ်ခုတည်း ကို သုံးနေကြဆဲ။ သူမမှာ လိပ်တစ်ကောင်လိုနှုန်းနဲ့ ဆက်မောင်းနေခဲ့ရပြီး ကားအနည်းငယ်ခြား၍ နောက်မှ လိုက်နေရပေဉီးမည်။ သူမစိတ်ထဲ မကျေမနပ်ပြောမိ၏။ ချန်ရှုံ့ချီရာ ချန်ရှုံ့ချီ, ခင်ဗျားကြီး အခြားလမ်းကို သွားလို့ မရဘူးလား? အခြား လမ်းချိုးတစ်ခုကို ကွေ့ပြီး ကျွန်တော်မျိုးမကြီးကို အိမ်ပြန်ခွင့်ပေးလိုက်လေ ဟုတ် ပြီလား?

သို့သော် နတ်ဘုရားက စုယာယာ၏ဆုတောင်းကို နားမထောင်ခဲ့သလို ချန်ရှုံ့ချီကလည်း ထိုနည်းတူသာ။ ကြားထဲမှာ ကားအနည်းငယ်ခြား၍ လမ်းမကြီးတစ်ခု တည်းကို မောင်းနေကြရ၏။

အချိန်အကြာကြီး မောင်းခဲ့ပြီးနောက်ဆုံး စုယာယာ ရှားရှားပါးပါး အခွင့်အရေးတစ်ရပ်ကို အမှတ်မထင် တွေ့ရှိလိုက်ရ၏။ အခြားလမ်းဆုံတစ်ခုကို ဖြတ်သွား တော့မည့်ဆဲဆဲတွင် ချန်ရှုံ့ချီ၏ကားသည် လမ်းညာဖက် ရှိ လက်ဝတ်ရတနာအလုပ်ခန်းတစ်ခုကို မောင်းသွား ကြောင်း ဖြတ်ခနဲလှမ်းမြင်လိုက်ရ၏။ ရွှီခိုင်၏ကား သည်လည်း နောက်မှလိုက်ပါလျက်ပေါ့။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now