Unicode
အခန်း(၁၈၅)
ဇာတ်ညွှန်း ပြောင်းလဲသွားခဲ့ပြီး ချန်ယန်သည် တစ်ဉီးတည်းသော အမျိုးသမီးဇာတ်လိုက်မှ အမျိုးသမီး ဇာတ်လိုက်နှစ်ဉီးထဲမှ တစ်ဉီးအဖြစ်သို့ ရောက်ရှိသွားခဲ့ သည်။ သူမရဲ့ဒိုင်ယာလော့ခ်များကိုလည်း ပိုးစိုးပက်စက် ဖျက်ချခံခဲ့ရပြီး သူမအပေါ် ပြုမူဆက်ဆံပုံသည်လည်း နိမ့်ကျလာခဲ့သည်။
အနုပညာလောကမှာ ထိုမျှ အချိန်ကြာကြာလှည် ပတ်နေခဲ့ပြီးနောက် ချန်ယန်တစ်ယောက် ဒီလိုဝမ်းနည်း ဖွယ်နေ့ရက်တွေမှာနေရအောင် ဘယ်သူကို ရန်စမိခဲ့ သလဲဆိုတာ အားလုံး ကောင်းကောင်းသိနားလည်ကြ သည်။ အရင်ကလို ချန်ယန်ကို မျက်နှာချိုသွေးကြသည့် သူများမရှိတော့ပေ။ သူတို့က သူမသည် သူတို့အတွက် ကံကြမ္မာဆိုးတွေကို သယ်လာမည်ကို ကြောက်ရွံ့သည် အလား သူမကို ရှောင်နေသလိုတောင် ထင်ရပေသည်။
နောက်တော့ မြှောက်ပင့်ကာ အဖြစ်သည်းလှပြီး စိတ်အားထက်သန်ကြသည့် သူတစ်ချို့က စုယာယာထံ လှည့်လာကြသည်။ သူမကတော့ မည်သည့်ပြုမူဆက် ဆံမှုမျိုးကိုမဆို လက်ခံနိုင်စွမ်းရှိသည်။ ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ မှုနေမည်မဟုတ်ချေ။
သို့သော် ချန်ယန်အဖို့ကတော့ ပြောပြလို့မရနိုင် လောက်အောင် အဆင်မပြေသလိုခံစားနေရပေ၏။
ပထမဆုံးအနေနှင့် တစ်ဉီးတည်းသောဇာတ်လိုက် မင်းသမီးနေရာမှ မင်းသမီးနှစ်ယောက်ထဲက ၁ ယောက် ဖြစ်သွားခဲ့ရပြီးနောက် သူမရဲ့စကားတွေကိုလည်း ဖြတ် ချခံရသည်။ နောက်ဆုံးအနေနှင့် သူမက စုယာယာထက် အရင်သေပေးရဉီးမည်။ မူရင်းအရဆိုလျှင် သူမသည် အင်ပါယာအရှင်၏အချစ်စစ် ဖြစ်ရမည်ကို အခုတော့ ထိုနေရာမှာ စုယာယာဖြစ်သွားခဲ့၏။ ဆိုးဆိုးရွားရွားပင် မတရားသလို ခံစားနေရပါသည်။
သို့သော် မည်သို့ပင်မတရားသလို ခံစားနေရပါစေ အသုံးမဝင်ချေ။ စုယာယာကို သူမရဲ့နောက်မှာ နောက်ခံ ရှိနေစေဖို့ ဘယ်သူကခွင့်ပေးခဲ့သလဲ? သူမမှာ မျက်နှာ ရ စရာပင် မရှိတော့ပါ။ နေ့စဉ်နေ့တိုင်း ရိုက်ကွင်းထဲမှာ မူကွဲစွာ သရုပ်ဆောင်နေမိပြီး စကားအမှားတွေ လုပ်နေ မိသည့်အပြင် သူမ ဘာမှမလုပ်တတ်တော့။ အကြိမ် ပေါင်းများစွာ အမှားတွေလုပ်မိခဲ့၍ သူမနှင့်အတူ စုယာ ယာနှင့်ရွှီချုံခွင့်တို့ ခဏတိုင်းဆိုသလို ပြန်ရိုက်ကြရလေ သည်။