Chp 321-325

779 47 0
                                    

အခန်း(၃၂၁)တခြားကမ္ဘာကို အိမ်မက်မက်ခြင်း-၃

စုယာယာသည် မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေ၏ အကူအညီဖြင့် ငှားရမ်းထားသည့်အိမ်သို့ ပြန်လာခဲ့ပြီး ဆေးကြောသန့်စင်ပြီးနောက် အိပ်ရာဝင်ခဲ့သည်။ငှားထား သည့်အိမ်မှာ ရိုးရှင်းကာ အကြမ်းထည်မျှသာ ဖြစ်သည်။ သူမ ထိုနေ့ညက အိပ်လို့မရခဲ့ချေ။

သို့သော် သူမ လုပ်နိုင်တာလည်း ဘာမှမရှိနေချေ။ တိမ်ပေါ်ကနေအမှိုက်ပုံဆီသို့ ဆင်းလာခဲ့ရတဲ့အခါအများ ကြီးကျော်ဖြတ်ခဲ့ရ၏။ အခုချိန်မှာတော့သူမရဲ့စိတ်အခြေ အနေဟာ အများကြီး ပို၍ငြိမ်လာခဲ့ပြီဖြစ်သည်။ အသက် ရှင်နေသမျှ သူမ ဘာကိုမှ ထပ်မတောင်းဆိုချင်တော့ပါ။

နောက်နေ့မနက်စောစောတွင် စုယာယာ အိပ်ယာနိုး လာခဲ့ပြီး ဆေးကြောသန့်စင်ပြီးနောက် မူလပိုင်ရှင်၏ မှတ်ဉာဏ်အတိုင်း အလုပ်နေရာသို့သွား၏။ သို့သော် စပရိုက်ဖြစ်စရာကောင်းစွာ သူမကို အလုပ်ထုတ်လိုက်ပြီ ဖြစ်ကြောင်း ပြောလာခဲ့သည်။ အကြောင်းပြချက်က တော့ အော်ဒါတစ်ခုအကြောင်း ကာစတန်မာက ကွန် ပလိန်းတက်ကာ သူမက ပရော်ဖက်ရှင်နယ်မဆန် ကြောင်း ပြောလာခဲ့လို့ပင်။

သို့ပေသိ မူလပိုင်ရှင်၏ မှတ်ဉာဏ်တွေအရ ဒါဟာ သူမ ပရော်ဖက်ရှင်နယ် မဆန်တာကြောင့် မဟုတ်ဘူးဆို တာ လုံးဝသိသည်။ ဒါပေမယ့် အလုပ်အပ်သူက သူမ အပေါ် အမြတ်ထုတ်ချင်တာကြောင့် သူမရဲ့ဗီဒီယိုမှတ် တမ်းနဲ့ သတိပေးပြောဆိုခဲ့သည်။ ထိုအလုပ်အပ်သူက သူမအပေါ် ဒေါသအိုးပေါက်ကွဲပြီး သူမကို ထုတ်ပယ်စေ ဖို့ဖြစ်ခဲ့တော့တာ။

စုယာယာသည် သူမရဲ့အကြီးအကဲထံ ချက်ချင်းသွား ဖြေရှင်းခဲ့ပေမယ့် အကြီးအကဲက ပြောသည်။

"ငါလည်း မကူညီနိုင်ဘူး.. ဒါက ငါတို့ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ပဲ"

နောက်ဆုံးတော့ စုယာယာသည် သူမရဲ့အကြီးအကဲ ကို စိတ်ပြောင်းအောင် မဖျောင်းဖျနိုင်ခဲ့ပေ။ ထို့ကြောင့် လျော်ကြေးကိုသာ ယူ၍ ကုမ္ပဏီကနေ ထွက်လာခဲ့ရ တော့၏။

အိမ်ကို ပြန်သည့်လမ်းမှာ သူမ အလွန်စိတ်ဓာတ်ကျ မိသည်။ လက်တွေ့ဘဝဟာ အင်မတန် ကြမ်းတမ်းလှပေ သည်။ စုယာယာသည် သူမရဲ့အငှားအိမ်သို့ ပြန်လာခဲ့ပြီး ဘာမှစားချင်စိတ်မရှိတာကြောင့် အိပ်ရာပေါ် လှဲ၍ အိပ် ပစ်လိုက်သည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now