Chp 246-250(Unicode)

1K 74 3
                                    

အပိုင်း (၂၄၆) Status, Married-2

ဗီလာတွင် စုယာယာသည် ချန်ရှုံ့ချီ ဖုန်းပြောလို့ပြီး သွားသည်ကို မြင်လိုက်သည်နှင့် ဖြေးဖြေးချင်း သူ့အနား ကို တိုးသွားကာ သူ့ကို တည့်တည့်ကြည့်၍ အင်္ကျီလက် ကို ဆွဲပြီး ပြုံးပြလိုက်သည်။

"ယာယာ ကိုဖုန်းပြောတာကို နားစွန်နားဖျားကြား လိုက်တယ်"

ချန်ရှုံ့ချီသည် သူမကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ထား တာကြောင့် ခေါင်းညိတ်ပြ၍ အမှန်အတိုင်း ပြောပြ သည်။

"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေရဲ့နောက်ကွယ်က အန် ယွီထုန်တဲ့.. သူမနဲ့စကားပြောပြီး အားလုံးကို တစ်ခါ တည်းအပြတ်ဖြတ်ခဲ့မလို့"

စုယာယာသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ရုတ်တရက် အတွေးတစ်ခုပေါ်လာခဲ့သည်။ သူ့အင်္ကျီ လက်ကို ပြန်ဆွဲထားပြီး ချစ်စဖွယ်ပြောလိုက်သည်။

"ကိုနဲ့တူတူ ယာယာလိုက်ခဲ့ပေးရမလား?"

ချန်ရှုံ့ချီသည် အစကတော့ နိုးဟု ပြောမလို့ဆိုပေ မယ့် စုယာယာကို အိမ်မှာ တစ်ယောက်တည်းထားခဲ့ရ မှာကို တွေးမိတော့ စိုးရိမ်စိတ်ဝင်လာသည်။ သူမနှင့် အတူ အိမ်မှာမရှိခင် အနှီအမျိုးသမီးငယ်လေးက အတွေး တွေ ထပ်လွန်နေမှာစိုးမိသည်။ ထို့ကြောင့် သူ့သဘော ထားကို ပြောင်းလဲလိုက်၏။

"လိုက်ခဲ့လေ"

စုယာယာသည် စိတ်ကူးပေါက်ရာ ပြောလိုက်ရုံသာ။ ချန်ရှုံ့ချီသဘောတူဖို့ မမျှော်လင့်ထားပေ။ ခဏတော့ တုံ့ဆိုင်းသွားပြီး မသွားတော့မည့်အကြောင်း တွေးမိ၏။ အန်ယွီထုန်သည် ဘီဘူးသရဲမဟုတ်ချေ။ မူရင်းဝတ္ထုထဲ မှာ သူမဟာ အင်မတန်အင်အားကြီးပြီး ချန်ရှုံ့ချီကလည်း သူမကို ချစ်ကြိုက်ခဲ့တယ်ဆိုပေမယ့် အခုချိန်မှာတော့ ဇာတ်ကြောင်းက ပြောင်းလဲသွားခဲ့ပြီ။ ချန်ရှုံ့ချီဟာ သူမကို မကြိုက်တော့ရာ သူမ၏အကြီးမားဆုံးအကျိုး ရလဒ်ကို ဆုံးရှုံးခဲ့ရပြီ။ သူမကို နောက်ထပ် ကြောက်နေ စရာမလိုတော့။ သူမနှင့်တွေ့ဆုံဖို့ဆိုတာလည်း ကောင်း သည့်အရာပါပဲ။ တကယ်တော့ သူမမှာ အန်ယွီထုန်ကို ပြောချင်တာရှိ၏။ သူမနှင့်မတွေ့ဆုံခဲ့လျှင် သူမရဲ့နှလုံး သားထဲမှာပဲ ထာဝရ သော့ခတ်ထားရပေလိမ့်မည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now