Chp 209 (U&Z)

1K 87 1
                                    

Unicode

အခန်း(၂၀၉)လက်ချောင်းအပူလောင်-၁

စုယာယာဟာ စုပါးပါးနှင့်စုမားမားကို ပြုစုစောင့် ရှောက်ဖို့ အိမ်ပြန်လာခဲ့တာလားဆိုတာ မသဲကွဲပေမယ့် နေ့ရက်တိုင်းမှာ ပျော်ရွှင်ကျေနပ်ဖွယ်နေ့ရက်လေးတွေ ကို ဖြတ်သန်းနေရသည်မှာ အမှန်ပင်။ ကြည်ကြည်နူးနူး နှင့်အိပ်ယာဝင်ရပြီး ကြည်ကြည်နူးနူးနှင့် အိပ်ရာမှနိုးထရ လေသည်။ နေ့ရက်တိုင်းမှာ အလွန့်အလွန်ပင် ကိုယ်စိတ် ချမ်းမြေ့၍ ပူပင်ကြောင့်ကြမဲ့လှကာ ပွင့်လန်းနေသော ပန်းလေးသဖွယ် ပျော်ရွှင်နေရသည်။

Agritourismသည် လုပ်ငန်းစတော့မည်ဖြစ်ပြီး ချင်ယာဉယျာဉ်ကိုလည်း သန့်ရှင်းရေးလုပ်ပြီးပြီဖြစ်သည် ။ စုပါးပါးနှင့်မားမားတို့သည် Agritourism အတွက် ပန်းခြင်းတွေနှင့် မီးရှူးမီးပန်းတွေတောင်မှာ ထားသေး ၏။ ပြောတာကတော့ ပြီးရင် မြူးမြူးကြွကြွဖြစ်အောင် ဖောက်မလို့ဆိုပဲ။

စုယာယာသည် ကျုံဖိန်ယွင်, သွမ့်ရှောင်ယွီ, ရွှီချုံခွင့် နှင့်ဒါရိုက်တာကျုံတို့ဆီ မက်ဆေ့ချ်ပို့ခဲ့သည်။ မနက်ဖြန် မှာ သူမ၏Agritourismကို လုပ်ငန်းစတော့မည်ဖြစ် ကြောင်း ပြောပြီး မနက်ဖြန်အချိန်ရလျှင် လာလည်ဖို့ ဖိတ်လိုက်သည်။ လူမလာနိုင်လျှင်လည်း ပန်းခြင်းပို့လိုက် ဖို့ပါ အဆစ်ပေါ့။

ရွှီချုံခွင့်သည် သတင်းကြားရသည်နှင့် ချက်ချင်း ဖုန်း လှမ်းဆက်၏။

"မင်းတစ်ခုခုလုပ်မယ်လို့ ပြောတုန်းကAgritourism ဖွင့်မယ်ဆိုတာကို ပြောချင်တာပေါ့? လုပ်ငန်းက အဆင် ပြေရဲ့လား? ဧည့်သည်ရောများလား? ပတ်ဝန်းကျင်က ရော ကောင်းရဲ့လား?"

စုယာယာနှင့် ရွှီချုံခွင့်တို့သည် အတော်လေး ရင်းနှီး သောသူငယ်ချင်းများ ဖြစ်နေကြပြီဖြစ်သည်။ သူမ၏ နှုတ်ခမ်းတို့ ပြုံးသွားခဲ့ပြီး မေးလိုက်၏။

"ဘာလဲ? ရင်းနှီးမြုပ်နှံမှုကျရှုံးပြီး ငွေတွေဆုံးကုန်မှာ စိုးလို့လား?"

"အေးပေါ့ဟ"

ရွှီချုံခွင့်က အသံတိုးတိုးနှင့် ကြိတ်ရယ်၏။

စုယာယာက ချက်ချင်းပင် ပြန်ရန်တွေ့လေသည်။

"ညီမက ကြိုတင်ပြီး မလေ့လာထားဘူးလို့များ ထင် နေတာလား? ဒီတိုင်း မတွေးတောမဆင်ခြင်ဘဲ မြှုပ်နှံ လိုက်တာမဟုတ်ဘူး.. ညီမရဲ့Agritourismက အလည် အပတ်ခရီးသွားရပ်ဝန်းမှာ ရှိထားပြီးသား.. လာရောက် မယ့်ဧည့်သည်တွေအတွက်ကိုလည်း ဘာမှပူနေစရာမလို ဘူး.. ပုံမှန်ရက်တွေမှာ လူနည်းကောင်းနည်းနေနိုင်ပေ မယ့် ပိတ်ရက်မှာတော့ လူပြည့်ပြီးသားနော်.. တောတွင်း ရှင်သန်ရေးလေ့ကျင့်မှုတို့စတဲ့ ပရောဂျက်တွေလည်း ရှိပ နော်.. အဲဒါတွေက ကာစတန်မာတွေ အများကြီးကို ဆွဲဆောင်နိုင်တယ်.. လတိုင်း ဝင်ငွေ အများကြီးရတယ်.. တိုတိုတုတ်တုတ်ပြောရရင် ဘာပိုက်ဆံမှ ဆုံးရှုံးစရာမရှိ နေဘူးနော်"

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now