Chp 271-275

1K 74 1
                                    

အခန်း(၂၇၁)မိသားစုတွေပဲ-၁

စုယာယာသည် သူမလက်ခံထားသည့် ကြော်ငြာ ၃ခု စလုံးကို ရိုက်လို့ပြီးသွားခဲ့ပြီး သူမရဲ့အကောင့်ထဲသို့ ငွေ ပမာဏများများဝင်လာခဲ့ပြီး ဖုန်းထဲကို လက်ခံရရှိ ကြောင်း ဖြတ်ပိုင်းပို့ပေးလာသည်။ ငွေပမာဏရဲ့သုည အရေအတွက်ကို အသေအချာရေတွက်သည်။ များလိုက် တဲ့ငွေပုံကြီးပါလား... သူမရဲ့ကလေးအတွက် အဝတ် အစားတွေ အများကြီးဝယ်လို့ရတယ်။ ဒါကြောင့် စုမား မားနှင့်စွမ်ချင်တို့ကို ခေါ်၍ သူမနှင့်အတူ ဈေးဝယ်ထွက်ခဲ့ ကြသည်။ စိတ်ကြိုက်ဈေးဝယ်ထွက်ပြီးနောက် အထုတ် အပိုးတွေအပြည့်နှင့် ပျော်ပျော်ကြီးအိမ်ပြန်တော့၏။

ထိုနေ့မှာ ဒုတိယဉီးလေးချန်သည် ချန်ရှုံ့ချီထံ ဖုန်း ဆက်၍ ဖုန်းထဲကနေပြောသည်။

"မင်းငါ့ကို အန်မိသားစုကို စောင့်ကြည့်ခိုင်းထားတာ လေ..ငါတို့အချက်အလက် အတော်လေးရလိုက်တယ်.. ဝေမိသားစုနဲ့ပေါင်းကြံတာအပြင် အန်ကျာရှောင်းကို လာဘ်ပေးလာဘ်ယူအတွက် မိခဲ့ပြီး သူက နိုင်ငံခြားအဖွဲ့ အစည်းအချို့နဲ့လည်း ပတ်သတ်မှုရှိနေတယ်... ဖမ်းဆီး ဖို့ရာအတွက် မနေ့ကပဲ ထုတ်ပြန်လိုက်ပြီ.. အဖမ်းခံရခါ နီးလေးတင် ပင်လယ်ဘက်ကို လစ်ပြေးသွားတယ်တဲ့.. အခု သက်ဆိုင်ရာဌာနတွေက အန်အုပ်စုကို စုံစမ်းစစ် ဆေးကြဖို့ ပြင်နေကြပြီ"

အန်ကျာရှောင်း အဖမ်းခံလိုက်ရပြီး ကျန်တဲ့အန် မိသားစုတွေလည်း သိပ်မကွာလှပေ။ အန်ကျားရှောင်၏ ဇနီး, အငယ်အနှောင်း, သားနှင့်တရားမဝင်ကလေးတွေ သည် အချင်းချင်း အမြဲလိုလို ညှာတာမှုမရှိ တိုက်ခိုက်နေ ကြသူတွေဖြစ်ကြ၏။ အခုလိုအချိန်မှာ အန်ကျာရှောင်း လည်း မရှိရော သူတို့တွေက ပိုလို့တောင် ရူးသွပ်ဆိုးသွမ်း လာကြသည်။ ရလဒ်အနေနဲ့ကတော့ အန်အုပ်စု၏အချိန် စေ့သွားခဲ့ပြီ။ ပြန်လာစရာမရှိတော့။ ပြိုလဲသွားခဲ့ပြီ။

စွမ်ချင်သည် ချန်ရှုံ့ချီ,စုယာယာတို့နှင့် ရက်အနည်း ငယ်နေခဲ့သည်။ နေရက်များဟာ ပျော်ရွှင်စွာဖြင့် ကုန်ဆုံး သွားခဲ့၏။ တစ်ရက်မှာတော့ စွမ်ချင်သည် သူမ၏အေး ဂျင့်ဆီမှ ဖုန်းခေါ်ဆိုမှုလက်ခံရရှိခဲ့၏။ ဟောပြောပွဲတစ်ခု တက်ရမည် ဖြစ်ကြောင်းဖုန်းဆက်လာခဲ့၏။ စုယာယာ နှင့်ချန်ရှုံ့ချီတို့သည် စွမ်ချင်အား နှုတ်ဆက်စကားပြောခဲ့ ကြပြီး နောက်တစ်နေ့မှာတော့ ဟောပြောပွဲတက်ရောက် ဖို့ သူမ အခြားမြို့သို့ သွားရောက်ခဲ့သည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now