Chp 187 (U&Z)

922 83 6
                                    

Unicode

အခန်း(၁၈၇)

ချန်ရှုံ့ချီသည် ရုံးခန်းထဲမှာ အလုပ်တွေ ကိုင်တွယ် နေရစဉ် ရုတ်တရက်ဖုန်းမြည်လာခဲ့၏။ မီယာပင်။

"မီယာ"

ချန်ရှုံ့ချီက ဖုန်းကိုကောက်ကိုင်၍ ဖုန်းမှန်ပြင်ထက် ကြည့်ကာ ပြုံးနေသည်။

"ငါ့လက်စွပ် ရပြီလား?"

မီယာက ပြော၏။

"ငါမနေ့ညက ညလုံးပေါက်အလုပ်လုပ်ပြီး နောက် ဆုံးလုပ်ငန်းစဉ်ကို အဆုံးသတ်ပြီးပြီ.. လက်စွပ်ကလေ လှလွန်းလို့ စကားနဲ့တောင်ဖော်ပြလို့မရဘူး.. ဒီလို လှရက်လွန်းတဲ့လက်စွပ်မျိုး နောက်ထပ်ရှိမှာမဟုတ်ဘူး ..မြန်မြန်လာကြည့်လှည့်တော့.. နောက်ပြီး အမြန်ပရိုပို့စ် လုပ်တော့.. ငါလက်စွပ်ကို ဒီမှာ ထားသွားလိုက်ရမှာစိုး တယ်.. နောက်သုံးနာရီအတွင်း အမေရိကားကို သွားရမှာ .. နောက်သုံးလေးလလောက်ထိ ပြန်မလာဖြစ်လောက် ဘူး"

"ဘာဖြစ်လို့ ရုတ်တရက်ကြီး အမေရိကားသွားဖို့ တွေးမိလိုက်ရတာလဲ?"

ချန်ရှုံ့ချီသည် အလုပ်တွေကိုချကာ အံ့အားသင့်စွာ မေးသည်။

မီယာက တုံ့ဆိုင်းနေပြီးမှ သူ့ကို ပြောလာသည်။

"ငါမနေ့က ရွယ်အဘိုးကြီးရဲ့အီးမေးလ် ရခဲ့တယ်.. ပြောထားတာက သူ့ကိုကူဖို့ အဲ့ဆီလာခဲ့ဖို့အကြောင်းကွာ .. ငါလည်း သူနဲ့ ဒီလောက်နှစ်အကြာကြီး သိလာခဲ့တာ ဆိုတော့ ဒီလိုအရေးပေါ်အချိန်မျိုးမှာ သွားလိုက်တာ ပိုကောင်းမယ်လို့တွေးမိလို့"

ချန်ရှုံချီက ခပ်ဟဟရယ်ကာ ပြောသည်။

"ဒီလောက် နှစ်တွေအကြာကြီး အကျပ်ရိုက်ခဲ့ရပြီး နောက်ဆုံးတော့ အဲလိုတွေးမိပြီပေါ့"

"အိုကေအိုကေ, ငါ့အကြောင်းပြောနေတာ ရပ်လိုက် လို့ရမလား?"

မီယာက သူ့ကို အရှက်သည်းစွာဖြတ်ပြော၏။ သူမ က ခပ်သွက်သွက်ပြောသည်။

"ငါနင့်ကို စတူဒီယိုမှာစောင့်နေမယ်.. မြန်မြန်လာ ယူလှည့်.. ဒီအလှလေး ကတ်ရှ်မီးယားနီလာကျောက် လက်စွပ်နဲ့ဆိုရင်တော့ သေချာပေါက် ပရိုပို့စ်အောင်ပြီ ပဲ!"

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Donde viven las historias. Descúbrelo ahora