Chapter 178+179(Unicode)

1.2K 98 6
                                    

အခန်း(၁၇၈)

စုယာယာကို ချန်ရှုံ့ချီ၏ပေါင်ပေါ်မှာ တက်ထိုင် ထားစေပြီး မောင်းနှင်နေသောကားပေါ်မှာ စုယာယာ တစ်ယောက် ကြောင်ပေါက်ကလေးလို သနားစရာ ကောင်းစွာ တအင့်အင့် ညည်းညူနေရတော့သည်။ ကား ၏အလယ်မှာ ရှေ့ခန်းနှင့်နောက်ခန်းကို ကန့်ထားသော ခပ်ပါးပါးကန့်လန့်ကာလေး တစ်ခုရှိနေသော်ငြား အန် ကယ်ကျောင် ကြားသွားမည်ဆိုး၍ စုယာယာမှာ အသံ ကျယ်ကျယ် မထွက်ဝံ့ပေ။ သို့သော် ချန်ရှုံ့ချီကတော့ ဆိုးလွန်းပါ၏။ အချိန်တိုင်းမှာ သူမရဲ့အထိမခံနိုင်သည့် နေရာကို ရှာဖွေပြီး သူမကို အော်ငိုရအောင် ဖိအားပေး နေတော့သည်။

အကြင်သူ၏သဲကြီးမဲကြီး တိုက်ခိုက်မှုကြောင့် သူမ ရဲ့ခန္ဓာကိုယ်မှာ ပျော့ခွေလာသလို ခံစားနေရတော့၏။ မျက်ဝန်းတွေထဲမှာ အဖြူရောင်အလင်းတန်းတစ်ခု ဖျက် ခနဲလက်သွားပြီး မသိစိတ်ကြောင့် ခေါင်းကို ငုံ့ကိုင်း၍ ထိုသူ၏ပခုံးကို ကိုက်လိုက်မိတော့သည်။ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေရတော့၏။

အထွတ်အထိပ်မှာ နွေဉီးရေတို့ စီးကျလာခဲ့ပြီး နောက် ထောင်မတ်နေသော ကျောက်စိုင်ကြီးကို စွတ် စွတ်စိုခဲ့လေပြီ။

သူမ၏တုံ့ပြန်မှုတို့က ချန်ရှုံ့ချီအား မီးစပျိုးပေးခဲ့ရာ သူမထံ အရာအားလုံးကို ပေးအပ်လိုက်စေတော့သည်။

'ညင်းဆဲမှု'အပြီးတွင် စုယာယာမှာ ချည့်နဲ့နေကာ အား တစ်စက်မှ မကျန်ခဲ့တော့ပေ။ ချန်ရှုံ့ချီက သူမကို ပွေ့ထားပြီး ထိုသူ၏လက်မောင်းတွေကြားမှာ တိုးဝှေ့ နေရတော့သည်။ သူမက ချိုချိုသာသာ စကားဆို၏။

"လောင်ကုန်း, ယာယာနဲ့ရွှီချုံခွင့်တို့ကြား ဘာဆို ဘာမှမဖြစ်ခဲ့ပါဘူး.. အင်တာနက်ပေါ်ကလူတွေက အလ ကား ပေါက်ကရ လျှောက်ပြောနေကြတာ... ယာယာ တို့က ဒီတိုင်း သူငယ်ချင်းကောင်းတွေပဲရယ်"

သူမရဲ့မက်ဆေ့ချ်ကို ရရှိခဲ့ပြီးနောက် ချန်ရှုံ့ချီသည် သူမအား အထူးတလည် လာကြိုပေးခဲ့ပါသလို သူမ ကားထဲဝင်သည်အထိ ချန်ရှုံ့ချီသည် ပြုံးနေဆဲဖြစ်၏။ စုယာယာ အစကတော့ ထိုအခွင့်အရေးကို အရယူ၍ သူ့ကို ရှင်းပြချင်ခဲ့ပေမယ့် သူကတော့ တားမြစ်ခဲ့သည်။ သူတို့ပြန်ရောက်မှ ပြောကြမည့်အကြောင်း ပြော၏။ သို့ သော် သူ့နှလုံးသားထဲမှာတော့ မကျေမချမ်းဖြစ်နေဆဲ ဆိုသည်မှာ သိသာလှ၏။ အနည်းဆုံးတော့ စုယာယာ သိ၏။ မဟုတ်ရင် သူမကိုဒီလိုမျိုး ညင်းဆဲလိမ့်မည် မဟုတ်!

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now