Chp 231-235(Zawgyi)

505 6 0
                                    


အခန်း(၂၃၁)ကိုယ့်ရဲ့လမ်းညွှန်လေးဖြစ်ပေးပါ-၁

စားပွဲပေါ်မှာ အရသာရှိသောဟင်းလျာများနှင့် ပြည့် နှက်နေပြီး ကြက်ကောင်လုံးနှပ်၊ ယုန်သားအစပ်ချက် စသဖြင့် အကုန်လုံး တည်းခိုခန်း၏အထူးဟင်းလျာများ ဖြစ်ကြသည်။ နောက်ပြီး စုယာယာကိုယ်တိုင် ချက် ထားသော နောက်ထပ်ဟင်းလျာနှစ်မျိုး။ အလွန့်အလွန် အရသာရှိလှပြီး ရွှီချုံခွင့်နှင့်ယန်ကျွင်ရိတို့ အားရပါးရ ဝါးမြိုနေကြတော့သည်။ ဒါက ပထမဉီးဆုံးအကြိမ် စုယာ ယာရဲ့ဟင်းလျာများကို စားဖူးကြခြင်းဖြစ်တာကြောင့် သူတို့ပင်မသိလိုက်ခင် ထမင်းအပြည့် နှစ် ပန်းကန် ကုန်သွားခဲ့ပြီး စူပါစတားတစ်ယောက်အနေနှင့် သူတို့ရဲ့ ခန္ဓာကိုယ်ပုံရိပ်ကို ထိန်းထားရမည်ကို လုံးဝမေ့သွားခဲ့ ကြသည်။

"စားကောင်းတယ်မလား.. စွပ်ပြုတ်လေး ထပ် သောက်လိုက်ဉီး"

စုယာယာက တစ်ယောက်ချင်းစီကို စွပ်ပြုတ် တစ်ပွဲ စီ ထပ်ထည့်စေသည်။

ချန်ရှုံ့ချီက တမင်တကာ သူ့ပန်းကန်ကို စုယာယာ ၏လက်ထဲသို့ ထည့်ပေးပြီး သူ့အတွက် နောက်တစ် ပန်းကန်ခပ်ပေးစေသည်။

စုယာယာက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏ စိတ်အားထက်သန်နေသော အကြည့်နှင့်ဆုံပြီး နောက် သူဘာလုပ်ချင်နေတာလဲဆိုတာ တန်းသဘော ပေါက်သွားသည်။ ရယ်စရာကောင်းသည်ဟု သူမထင်မိ ၏။ နောက်တော့ သူ့ပန်းကန်ကို ယူ၍စွပ်ပြုတ်ထည့် ပေးလိုက်သည်။

"အရသာရှိလိုက်တာ"

ချန်ရှုံ့ချီသည် ငါးခေါင်းစွပ်ပြုတ်ကို အားရပါးရ သောက်နေခဲ့ပြီး မချီးမွန်းဘဲမနေနိုင်တော့ချေ။

ရွှီချုံခွင့်နှင့် ယန်ကျွင်ရိတို့ကလည်း ချီးကျူးစကား လိုက်ပြောကြသည်။

ဒီနေ့နေ့လည်ခင်းမှာ ရွှီချုံခွင့်နှင့် ယန်ကျွင်ရိတို့နှစ် ယောက် ချန်ရှုံ့ချီနဲ့အတူ ဂိမ်းကစားပြီးနောက် သူဟာ ကောလဟာလတွေမှာ ပြောထားသလိုမျိုး ဘဝင်မမြင့် မထောင်လွှားဘူးဆိုတာ သိခဲ့ကြသည်။ တကယ်တော့ အရမ်းကို ပေါင်းရသင်းရလွယ်ကူတဲ့ လူမျိုးဖြစ်သည်။ သူ့အနေအထားနှင့် အဆင့်အတန်းကြောင့် အပြင်လူ တွေက သူ့ကို နားလည်မှုလွဲနေကြတာမျိုး ဖြစ်လောက် သည်။ သူတို့ရှေ့မှာရှိနေသော ဒီအမျိုးသားသည် တကယ်တော့ စုယာယာနှင့်ဆိုလျှင် အရမ်းကိုချစ်တတ် ပြီးနူးညံ့ညင်သာသည်။ အရေးထားသည်။ ဒီအချစ်ငှက် နှစ်ကောင်က အနားရှိလူတိုင်းကို မနာလိုဖြစ်စေသည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now