Chp 191 (U&Z)

1K 82 2
                                    

Unicode

အခန်း(၁၉၁)အိမ်မက်ဆိုး-၁

စုယာယာတစ်ယောက် တန်းအိပ်ပျော်သွားခဲ့သည်။ အစဉီးစွာမှာတော့ သူမ၏အိမ်မက်များက လှပခဲ့၏။ ကလေးဘဝတုန်းက သူမရဲ့မွေးနေ့ကို ကျင်းပနေခဲ့သော သူမကိုယ်သူမ အိမ်မက်ပြန်မက်နေခဲ့သည်။ သူမ၏ မိခင်က သူမအတွက် အဝတ်အစားသစ်တွေ ဝယ်ပေးဖို့ ခေါ်သွားခဲ့ရာ သူတို့နှစ်ဉီး ဈေးဝယ်စင်တာထဲမှာ လျှောက်ပတ်ကြည့်နေရင်း အရမ်းလှတဲ့အဖြူရောင် မင်းသမီးဂါဝန်လေးကို မျက်စိကျခဲ့ကြသည်။ စကပ်လေး ကို ဇာတွေအထပ်ထပ်နှင့် ချုပ်လုပ်ထားသည်မှာ ပွင့် လန်းနေသောပန်းလေးအလား အလွန်ပင်လှပ၏။ သူမရဲ့ အမေသည်လည်း ထိုဂါဝန်လေးကို အလွန်သဘောကျ နေခဲ့သည့်အတွက်ကြောင့် ဝယ်လိုက်ကာ သူမကို ဝတ် ဆင်စေခဲ့သည်။ သူမ(စုယာယာ)ဟာ သူမ(မိခင်)၏ မင်းသမီးလေးဖြစ်ကြောင်း၊ အလှဆုံးမင်းသမီးလေးဖြစ် ကြောင်း သူမ(မိခင်)က ပြောပြနေခဲ့သည်။ သူမ၏ဖခင် သည်လည်း အရမ်းပျော်နေခဲ့သည်။ သူသည်သူမအတွက် အိမ်မှာစားပွဲတစ်ဝိုင်းစာအပြည့် ချက်ပြုတ်ပေးထားခဲ့ပြီး အသီးကိတ် အကြီးကြီးတစ်ခုကိုလည်း ဝယ်ပေးထားခဲ့ ၏။ သူတို့သုံးဉီးသား ကိတ်မုန့်ရှေ့မှာ စုလိုက်ကြပြီး ဖယောင်းတိုင်ကို မီးညှိလိုက်သည်။ မျက်လုံးများကို မှိတ်၍ ဆုတစ်ခုတောင်းခဲ့၏။ သူမဆုတောင်းခဲ့သည်က အမြဲထာဝရပျော်ရွှင်နေရပါစေတဲ့။

နေ့ရက်တွေ ကုန်လွန်လာသည်နှင့်အမျှ စုယာယာ သည် အရွယ်ရောက်လာခဲ့၍ မိန်းမလှလေးတစ်ဉီးအဖြစ် ပြောင်းလဲလာခဲ့သည်။ သူမ၏အရင်ကိုယ်ထက်ပင် ပိုလှ ၏။ အများကြီးအများကြီး ပို၍လှပ၏။ လမ်းမပေါ် သူမ လမ်းလျှောက်သွားသည်နှင့် လူတိုင်း သူမကို လည်ပြန် ကြည့်ကြရ၏။ သူမ၏နှစ်လိုဖွယ်ကောင်းမှုအပေါ် ကျဆင်းခဲ့ကြသူများလည်း မရေမတွက်နိုင်အောင်ပါပဲ။ သေချာပေါက် ထိုလူတွေထဲမှာ အချို့က သူမကို လူ ပုဂ္ဂိုလ်တစ်ဉီးအနေဖြင့် စိတ်ရင်းအမှန်နှင့် သဘောကျခဲ့ ကြသလို သူမ၏ရုပ်အသွင်အပြင်ကိုသာ ကြိုက်နှစ်သက် ခဲ့ကြသည့်သူများလည်း ရှိပေသည်။ သူတို့အားလုံး၏ သူမ၏လှပသောရုပ်သွင်ပေါ်မှာသာ ယစ်မူးခဲ့ကြသူများ ဖြစ်၏။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now