Chp 301-305

953 58 1
                                    

စာစဉ် ၁၃ ဤတွင်စ၏။

အခန်း(၃၀၁)ပြောင်းဖူးအခွံခွာသည့်နှယ်-၁

စုယာယာနှင့်ချန်ရှုံ့ချီတို့၏ မင်္ဂလာပွဲသည် မီဒီယာ တွေ၏အာရုံကို များစွာဆွဲဆောင်မိလေသည်။ မီဒီယာ သတင်းသမားများက ပွဲနေရာသို့ ရောက်ရှိနိုင်ဖို့အတွက် ဉီးနှောက်ခြောက်လောက်အောင် နည်းလမ်းအမျိုးမျိုးနှင့် ကြိုးစားနေကြသည်။ ဓာတ်ပုံလေး သုံးလေးပုံလောက် ရိုက်ခွင့်ရပြီး ဖြန့်ချီခွင့်လေးရရုံနဲ့တင် သေချာပေါက် အကျိုးကျေးဇူးတွေ မြောက်များစွာရရှိမှာလေ။

သို့ပေသိ မီဒီယာတွေထင်ထားသည့်အတိုင်း စုယာ ယာနှင့်ချန်ရှုံ့ချီတို့၏ မင်္ဂလာပွဲကို ကိုယ်ပိုင်ကျွန်းတွင် အထပ် ၅ထပ်ပါသည့် ဇိမ်ခံသင်္ဘောကြီးနှင့် ကျင်းပခဲ့ကြ လေသည်။ ချန်ရှုံ့ချီဟာ ပွဲသို့ မည်သည့်မီဒီယာအစွယ် အပွားတွေကိုမှ ဖိတ်ကြားခြင်းမပြုခဲ့ချေ။ ထိုအရာက အလွန် စိတ်အားထက်သန်နေခဲ့ကြသော မီဒီယာတွေကို အားလျော့သွားစေသကဲ့သို့ တစ်ချိန်တည်းမှာလည်း မင်္ဂ လာပွဲဟာ ဘယ်လိုလေးဖြစ်လိမ့်မလဲဆိုတဲ့အပေါ် ပိုပြီး စိတ်ကူးယဉ်မိစေကာ ဖျက်ခနဲလေးပဲမြင်ရမြင်ရ ပိုပြီးသိ ချင်စိတ်ဖြစ်လာစေတော့သည်။

အမှန်ပင် ဝန်ခံရပေလိမ့်မည်။ မီဒီယာလောကမှာ လုပ်နေကြသည့်သူတွေဟာ တကယ်ပဲ ဉာဏ်ပြေးကြ၏။ သူတို့တွေ ပွဲနေရာမှာ ရှိနေခွင့်မရသလို ပွဲနှင့်ပတ်သတ်၍ လည်း ဓာတ်ပုံရိုက်ခွင့်မရပေမယ့်လို့ အရေးမကြီးချေ။ ထို နေရာမှာ ရှိခဲ့ကြသည့် ဧည့်သည်တော်တွေရဲ့ပို့စ်တွေက နေတစ်ဆင့် ဓာတ်ပုံတွေကို ပြန်တင်ကြလေသည်။

ပွဲကို ဘယ်သူတွေ သွားကြသလဲဆိုတာကိုတော့ စု ယာယာနှင့် ချန်ရှုံ့ချီတို့၏ Weibo Following တွေကို လိုက်ကြည့်ရုံပဲပေါ့။ သူတို့နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ မည်သူကိုမဆို ထိုသူတွေရဲ့Weiboအကောင့်ကို ပိုပြီး အာရုံစိုက်စောင့်ကြည့်နေရုံပဲ။ သေချာပေါက် ခြေရာခံမိ မှာပဲ။

ထိုနည်းလမ်းက တကယ်လည်း အလုပ်ဖြစ်ပါသည်။ မီဒီယာသမားတွေဟာ စုယာယာ၏Weiboကို ရှာဖွေခဲ့ ကြပြီး သုံးလို့ရနိုင်လောက်သည့်အရာတစ်ချို့ကို ရှာတွေ့ ခဲ့ကြသည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now