Unicode
အခန်း(၁၅၃)ဘာဖြစ်လို့ သူမကို မသတ်ခဲ့တာလဲ?-၁
"အမြန်, သူ့ကို ကူညီကြဉီးလေ!"
စုယာယာနှင့်ရွှီချုံခွင့်တို့ တစ်ဉီးကိုတစ်ဉီး နှစ်သိမ့် ပေးနေကြတုန်းမှာပင် သူတို့ဘေးနားရှိ တစ်ယောက်က အော်ပြောလာခဲ့ခြင်းဖြစ်သည်။ ရိုက်ကွင်းထဲရှိ အလုပ် သမားတွေလည်း အမြန်လှုပ်ရှားလာကြပြီး သူတို့နှစ်ဉီး ဆီ ပြေးလာကြသည်။ သူတို့က စင်ကိုမ,ကာ ရွေ့ပေးကြ ပြီး အမြန် ရွှီချုံခွင့်နှင့်စုယာယာတို့ကို ကယ်ပေးဖို့ လုပ် ကြသည်။
"အား, သွေး!"
မည်သူ အော်လိုက်သည်မသိသော်ငြား အကုန်လုံး ကြောက်လန့်တကြား ထခုန်ကြ၏။
ထိုအသံကိုကြားသောအခါ ဒါရိုက်တာကျုံက တွေး တောင် တွေးမနေတော့ဘဲ အော်လာတော့သည်။
"အမြန်, ဆေးရုံ! သူ့ကို ဆေးရုံပို့ကြလေ!"
ထို့နောက် ဝန်ထမ်းတွေက သူတို့နှစ်ဉီးကို ဆေးရုံပို့ ပေးဖို့ အမြန်ပြင်ကြတော့၏။
သူတို့ရောက်သွားသည်နှင့် ဆရာဝန်တစ်ဉီးက သူတို့ ကို ကြည့်ပေးပြီး X-raysရိုက်ပေးကာ လိုအပ်တဲ့စစ်ဆေး မှုတွေနှင့် ဘာဘာညာညာ အကုန်လုပ်ခိုင်းလေသည်။ ကံကောင်းတာတစ်ခုကတော့ သူတို့အဆင်ပြေတယ်ဆို တာပါပဲ။
စုယာယာသည် သူမရဲ့တံတောင်ဆစ်မှာ ပွန်းသွား ပြီး ခြေချင်းဝတ်လည်သွားရုံလေးတင် ဖြစ်သည်။ ရက် အနည်းငယ်ခန့် အနားယူလိုက်ရုံနဲ့တင် ပြန်လည် ကောင်းမွန်လာပေလိမ့်မည်။ သို့သော် ရွှီချုံခွင့်ကတော့ သူမထက် ပိုဆိုးသွား၏။ စင်ပြုတ်ကျလာစဉ်မှာ သူက သူမကို ကာကွယ်ပေးခဲ့တဲ့သူဖြစ်တာကြောင့် တည် ဆောက်ထားသောသစ်သားပိုင်းတွေက သူ့အပေါ် ရိုက်မိ သွားခဲ့သည်။ ပွန်းရာပဲ့ရာတွေ အများအပြားရလိုက် သည့်အပြင် သစ်သားအပိုင်းအစတွေထဲမှ တစ်ခုက ပခုံး တည့်တည့်ကို ရိုက်မိပြီး ဘယ်ဘက်လက်မောင်းပေါ်က အရိုးတစ်ချောင်း အက်သွားခဲ့သည်။ ပြန်ကောင်းဖို့ရာ ရက်ပေါင်းများစွာ ကြာပေလိမ့်မည်။ ဆရာဝန်က သူ့ရဲ့ ညာဖက်လက်ကို ကျောက်ပတ်တီးစီးပေးပြီးနောက် အချိန်အတော်ကြာအောင် အနားယူဖို့ပြောပြီး ညာ လက်ကို မသုံးမိအောင် အတတ်နိုင်ဆုံး ကြိုးစားဖို့ပြော သည်။
![](https://img.wattpad.com/cover/347716107-288-k345490.jpg)