Chp 194 (U&Z)

1.1K 85 10
                                    

Unicode

အခန်း(၁၉၄)အိမ်မက်ဆိုး-၄

သူမ ဘယ်လိုလုပ်ပြန်မသွားရမှာလဲ? ပြဿနာကို ရင်ဆိုင်ရဉီးမည်လေ။ သူ(ချန်ရှုံ့ချီ)နှင့် လူချင်းတွေ့ပြီး ရင်တော့ ကိစ္စပြီးပြတ်နိုင်လောက်ပါသည်။ သူမ ထိုကဲ့သို့ ဖြစ်ဖို့ရာ မျှော်လင့်ပါသည်။

စုယာယာသည် သွမ့်ရှောင်ယွီအား အိမ်ပြန်လိုက်ပို့ ပေးဖို့ အကူအညီတောင်းခဲ့သည်။ သူမအိမ်ပြန်ရောက် သောအခါ အချိန်မှာ ည ၁၁ခွဲပင် ရှိနေခဲ့ပြီဖြစ်သည်။ သို့သော် အိမ်ထဲမှာတော့ မည်သူမှရှိမနေခဲ့ပါ။ မီးတွေကို ပိတ်ထားလျက်ဖြစ်ပြီး တစ်အိမ်လုံးတိတ်ဆိတ်နေခဲ့၏။ ချန်ရှုံ့ချီ အိမ်ပြန်မရောက်ခဲ့သေးပါ။

"အစ်မယာယာ, အိမ်မှာတစ်ယောက်တည်း ဖြစ်ရဲ့ လား? ညီမနေပေးရမလား?"

သွမ့်ရှောင်ယွီသည် ချန်ရှုံ့ချီ ပြန်မရောက်သေးသည် ကို သတိပြုမိသောကြောင့် စုယာယာကို တစ်ယောက် တည်း ထားသွားရမှာ စိတ်မချဖြစ်နေသည်။ အိမ်မှာ စုယာယာတစ်ယောက်တည်း ဖြစ်နေပေလိမ့်မည်။

စုယာယာသည် အိမ်ထဲမီးတွေကို ဖွင့်လိုက်သည့် အခါ အိမ်ထဲတွင် ရုတ်ခြည်း မီးများလင်းလာခဲ့၍ တည်ရှိ နေသော အမှောင်ထုနှင့်အထီးကျန်ဆန်မှုတို့ကို ပျောက် ကွယ်သွားစေပြီး အတော်လေးပို၍ အသက်ဝင်လာ သယောင် ထင်ရသည်။

"အဲလိုလုပ်ပေးစရာ မလိုပါဘူး.. အနားယူရအောင် ပြန်လိုက်တော့နော်.. အစ်မ နေလို့ဖြစ်ပါတယ်"

စုယာယာသည် သွမ့်ရှောင်ယွီအား ပြောလိုက်၏။ သူမ အိမ်မှာ တစ်ယောက်တည်းနေလို့ ဖြစ်ပါသည်။ ဒါက အသေး အမွှားလေးပါပဲ။

စုယာယာ၏စကားကို ကြားသောအခါ သွမ့်ရှောင် ယွီသည် ထပ်မံငြင်းဆန်မနေလိုက်တော့ပေ။ စားပွဲပေါ် မှာ ဆေးတွေတင်ပေးထားခဲ့ပြီး စုယာယာနားလို့ရအောင် ခင်းကျင်းပေးပြီးနောက် ထွက်သွားတော့သည်။ သွမ့် ရှောင်ယွီ ထွက်သွားပြီးနောက် စုယာယာသည် ဧည့်ခန်း ထဲရှိ ဆိုဖာတစ်လုံးမှာ ထိုင်ချလိုက်သည်။ TV remoteကို ယူ၍ တီဗီဖွင့်လိုက်သည်။ ညဉ့်နက်သန်းခေါင်ချိန်မှာ ထုတ်လွှင့်ပေးသည့်များမှာ ရှိုးကောင်းကောင်းများ မပါ ပေ။ ထို့ကြောင့် တွေ့ကရာတစ်ခုကိုသာ ကောက် ကြည့်နေလိုက်၏။ Hostက Guestများကို Prank လုပ် နိုင်သွားပြီး လူအများကလည်း တပျော်တပါး ရယ်နေကြ ၏။ စုယာယာသည်လည်း ရယ်မောနေခဲ့ပေမယ့် မျက်ဝန်းထောင့်တွေဆီမှ မျက်ရည်များ စီးကျလာခဲ့၏။ အရမ်းရီတာပဲ။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now