Chp 306-310

902 57 0
                                    

အခန်း(၃၀၆)ရှင့်ကတိတွေက အသုံးမဝင်ဘူး-၃

စုယာယာက ခေါင်းခါသည်။

"ဒီကနေပဲ ကိုတို့နှစ်ယောက်ကို ကြည့်နေမယ်"

ချောင်ချောင်သည် စုယာယာကို မြင်သောအခါ သူ၏ သွားမပေါက်သေးသည့်ပါးစပ်လေးကို ဖွင့်၍ အာ,အာ, အာ လှမ်းအော်နေပြီး ခြေလက်တွေက လှုပ်ရွနေကာ သူမကို အတူလာပြီး ရေကူးဖို့ ပြောနေသည့်ဟန်။

"ဆင်းခဲ့လိုက်ပါ.. ချောင်ချောင်က မင်းကို ခေါ်နေ တာ"

ချန်ရှုံ့ချီသည် သူ့သား၏အတော်လေး ဉာဏ်ကောင်း လှသည်ကို ခံစားလိုက်ရသည်။ တစ်နှစ်အောက်ကလေး တစ်ယောက်အနေနဲ့ သူက အခြားသူတွေကို ပျော်အောင် လုပ်ပေးသည့်နေရာမှာ အတော်လေးတော်လှပြီး အရိပ် အကဲဖတ်တတ်သည်။

စုယာယာက ခေါင်းငုံ့၍ ချောင်ချောင်ကို ပြုံးကာ မေး သည်။

"သားလေး, မားမား ဆင်းလာပြီး သားနဲ့တူတူ ရေ ကူးရမလား?"

ချောင်ချောင်သည် ရှင်းရှင်းလင်းလင်း စကားမပြော တတ်သေးသည့်တိုင် ခေါင်းငြိမ့်တာက yes, ခေါင်းခါတာ က no ဆိုတဲ့နှစ်ခုကိုတော့ ကောင်းကောင်းခွဲခြားနိုင်၏။ စုယာယာက မေးလာစဉ်မှာတော့ အမြန်ခေါင်းငြိမ့်ပြပြီး စုယာယာကို ကြည့်၍ ဝူးဝူးဝါးဝါးအော်နေသည်။ သူ၏ လက်ဖောင်းဖောင်းလေးတွေကလည်း ရေကို တပက် ပက် ပုတ်နေပြီး ရေတွေစင်ကာ စုယာယာ၏စကတ်ကို စိုသွားစေသည်။ ချောင်ချောင်သည် ပြုံးရွှင်စွာပင် စု ယာယာကို ကြည့်နေပြီး သူ ဘာလုပ်မိသလဲဆိုတာကို နားမလည်ချေ။

ချန်ရှုံ့ချီကတော့ သဘောတွေကျနေပြီး

"ချောင်ချောင်ကြောင့် မင်းစကတ်စိုသွားပြီပဲ.. ရေထဲ ဆင်းခဲ့လိုက်တော့"

သားဖြစ်သူ၏အကြံပိုင်မှုကို ကြည့်ပြီး စုယာယာ ဘာ မှမပြောနိုင်တော့ချေ။ ထို့ကြောင့် ရေကူးဝတ်စုံသွားလဲ ပြီး ချန်ရှုံ့ချီ၊ ချောင်ချောင်တို့နဲ့အတူ ရေကူးကန်ထဲ ဆင်း လိုက်သည်။

*** *** ***

အလုပ်ကိစ္စရှိသည့် ဆွေမျိုးတွေနှင့် မိတ်ဆွေတစ်ချို့ ကသာ ကျွန်းပေါ်ကနေ စောစောပြန်သွားခဲ့ကြပြီး ကျန် တဲ့သူတွေကတော့ တစ်ပတ်လောက်နေခဲ့ကြပြီးမှ မြို့တော်သို့ ပြန်လာခဲ့ကြသည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now