စာစဉ် ၁၁ ဤတွင်စသည်။
အခန်း(၂၅၁)အပိုင်သိမ်းလို့ရသွား-၃
"တကယ်ဆို ဟိုးအရင်ကတည်းက နင်ကသာ သူ့ အပေါ်လက်လျှော့ခဲ့တာ.. သူက နင့်ကိုချစ်တယ်ဆိုတာ ကြောင့်လေးနဲ့တင် နင်လုပ်ချင်သလိုလုပ်လို့ရတယ်ပေါ့.. နင်ပျော်နေသရွေ့ သူဆီပြန်လာမယ့်နင့်ကို စောင့်မျှော် နေရမယ်ပေါ့.. ကံမကောင်းစွာနဲ့ပဲ ဒီတစ်ကြိမ်မှာတော့ နင် မှားသွားခဲ့ပြီ.. သူက နင့်ကို ထပ်ပြီးတော့ မစောင့် မျှော်ချင်တော့ဘူး.. အဲ့တော့ နင်ကမပျော်တော့ဘူး.. ပြဇာတ်တွေ လာကပြရော....ဒါပေမယ့် တစ်စုံတစ်ရာ ပြောင်းလဲသွားနိုင်လို့လား?...... အမျိုးသမီးတွေအနေနဲ့ ကိုယ်ဂုဏ်သိက္ခာနဲ့ကိုယ် နေသင့်တယ်.. ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပေးလိုက်ပြီး သူ့ကို လွှတ်ပေးလိုက်ပါတော့..... နေ့ရက်ကောင်းတွေ ရောက်လာမှာပါ.. ပင်လယ်ထဲမှာ အခြားငါးတွေ ရှိပါတယ်.. ချန်ရှုံ့ချီထက် သာတဲ့သူတွေ ပေါ့ ဟုတ်တယ်မလား?"
အန်ယွီထုန်သည် သူမရဲ့စကားတွေကို အဓိပ္ပာယ်မရှိ တာပဲလို့တွေးသည်။ သူမ(စုယာယာ)ကို ခါးသီးစွာစိုက် ကြည့်၏။
"စုယာယာ, နင့်အတွက်တော့ ပြောဖို့လွယ်မှာပေါ့... ချန်ရှုံ့ချီကို လက်ထပ်လိုက်နိုင်တာနဲ့နိုင်သွားပြီလို့ တွေး မနေနဲ့..နောက်ပြီး နင်ငါ့ကို ဒီလိုမျိုး လှောင်ရယ်လို့ရ တယ်လို့တွေးမနေနဲ့... ချန်ရှုံ့ချီလို လိမ္မာပါးနပ်တဲ့သူမျိုး နင်သူ့ကို ထိန်းချုပ်နိုင်မယ်လို့ တကယ်ပဲထင်သလား?"
စုယာယာသည် ခေါင်းခါ၏။
"ငါ သူ့ကို ထိန်းချုပ်ဖို့မလိုဘူး.. ချန်ရှုံ့ချီကလည်း ကိုယ်ပိုင်စိတ်ရှိတဲ့ လူတစ်ယောက်ပဲလေ.. သူ့မှာလည်း သူ့ခံစားချက်ရှိတယ်.. ငါကသူ့ဘေးမှာနေပေးရုံပဲ.. ငါက သူ့ဇနီး.. အဓိကကျတဲ့ တစ်ခုတည်းသောအရာက ငါတို့ အဆင်ပြေပြေရှိဖို့ပဲ..... နောက်ပြီး ငါသူ့ကို ယုံတယ်"
အန်ယွီထုန်:"........"
"အိုကေ, ငါတို့မှာ ထပ်ပြီး ပြောစရာစကားရှိတော့ မယ်မထင်ဘူး.... အရင်က သိပ်နားမလည်ခဲ့ပေမယ့် အခု တော့ လုံးဝနားလည်သွားခဲ့ပြီ...... နင့်လို စိတ်နေစိတ် ထားမျိုး ရှိတဲ့သူက သူ(ချန်ရှုံ့ချီ)နဲ့ မထိုက်တန်ဘူး"