Chp 331-335

863 49 0
                                    

အခန်း(၃၃၁) ကိုယ့်ကို အခွင့်အရေးတစ်ခုပေးပါ-၁

ရက်အနည်းငယ်ခန့် ဆေးရုံတက်လိုက်ရပြီးနောက် စုယာယာ အဖျားသက်သာလာပြီး ဒီနေ့မှာတော့ ဆေးရုံ ဆင်းလို့ရပြီဖြစ်သည်။ ကျုံကျောင်ချီသည် သူမကို လာ ကြိုပေးပြီး အိမ်ထိလိုက်ပို့ပေးသည်။

သူမရဲ့အငှားတိုက်ခန်းရှေ့က လမ်းကြားလေးကို ရောက်တော့ စုယာယာ ကားပေါ်ကနေ ဆင်းလိုက် သည်။ ကျုံကျောင်ချီက သူမကို စိတ်ပူနေပြီး အိမ်အထိ လိုက်ပို့ပေးဖို့ရာ အတင်းပြောနေသည်။

စုယာယာလည်း မတတ်သာတဲ့အဆုံး ခွင့်ပြုလိုက်ရ တော့၏။

လမ်းမြှောင်သည် လူနှစ်ဉီး ယှဉ်၍ လမ်းလျှောက်၍ ရရုံလောက်သာ ကျယ်၏။ အိမ်တွေကလည်း ထိစပ်လို့ နေပေသည်။ ဒီဘက်အဆောက်အဉီးဆီမှ တစ်ဖက် အဆောက်အဉီးဆီသို့ တန်းထားတဲ့အဝတ်တန်းတွေ လည်း ရှိသည်။ အိမ်အငှားတွေက ထိုအပေါ်မှာ အဝတ် တွေ လှမ်းထားကြသည်။ လမ်းတစ်လျှောက်မှာ အသစ် စက်စက်လျှော်ထားသည့်အဝတ်အစားတွေဆီမှ ရေစက် တွေ ကျလာတတ်ပြီး ဂရုတစိုက်‌ ရှောင်သွားရလေသည်။

နောက်ဆုံးမှာတော့ စုယာယာနေသည့်အိမ်သို့ ရောက်ခဲ့ပြီ။ စုယာယာသည် တံခါးကိုဖွင့်၍ ကျုံကျောင် ချီကို အထဲဝင်ဖို့ဖိတ်လိုက်သည်။ ကျုံကျောင်ချီ အထဲသို့ ဝင်လာခဲ့သည်။ အိမ်က အတော်လေးကျဉ်းတယ်ဆိုပေ မယ့် သပ်သပ်ရပ်ရပ်ရှိသည်။ ကျုံကျောင်ချီ၏တွန့်နေ သောမျက်ခုံးတွေက အနည်းငယ်ပြေလျော့သွား၏။

စုယာယာက သူ့အား သက်တောင့်သက်သာနေဖို့ ပြောပြီးနောက် ရေတစ်ခွက်လောက် ပေးရမလားဟု မေး သည်။

ကျုံကျောင်ချီက ခေါင်းငြိမ့်သည်။ စုယာယာက သူမ ဝယ်ထားခဲ့ပြီး သောက်ဖို့အချိန်ပင် မရလိုက်သည့် မဖောက်ရသေးသည့် Mineral Water တစ်ဘူးကိုယူလာ ပေးသည်။

ကျုံကျောင်ချီသည် ရေဘူးကို ယူ၍ အဖုံးကို ဖွင့်ကာ တစ်ငုံစာ မော့ရင်း အိမ်အနေအထားကို လိုက်ကြည့်ပြီး စုယာယာကို မေးသည်။

"နေရာက သိပ်တော့အဆင်မပြေဘူးနော်.. ဘာဖြစ် လို့ အလုပ်နဲ့ပိုနီးပြီး နေလို့ပိုအဆင်ပြေတဲ့နေရာတစ်ခုခု ကို ပြောင်းဖို့မတွေးလဲ?"

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now