Chapter 181 (U&Z)

1K 76 1
                                    

Unicode

အခန်း(၁၈၁)

သူမရဲ့ပန်းကန်လုံးကို ချန်ရှုံ့ချီရှေ့ ချထားပေးလိုက် သည်။ သူမအတွက် ယာဂု ခပ်ထည့်ပေးဖို့ အမူအရာပြ လိုက်ရင်းပေါ့။ သူ ခုလေးတင်ပြောခဲ့သည့်စကားကြောင့် သူမ သူနှင့်ထပ်၍အငြင်းပွားမနေတော့ပါ။

ချန်ရှုံ့ချီသည် သူ့ရှေ့ကို ချလာသောပန်းကန်လုံး အား ကြည့်နေခဲ့ပြီးနောက် ခပ်ဖွဖွပြုံး၏။ ကူကယ်ရာမဲ့ စွာပင် ပန်းကန်လုံးအား ယူလိုက်၍ သူမအတွက် ယာဂု ထပ် ထည့်ပေးရတော့သည်။ အလိုလိုက်ထားသည့် အကြည့်မျိုးနှင့် မမေ့မလျော့ ကြည့်ရင်းပေါ့။

စုယာယာသည် သူမအတွက် ချန်ရှုံ့ချီ ခပ်ထည့်ထား ပေးသည့်ယာဂုကို သောက်နေရင်း နှလုံးသားထဲမှတော့ အပျော်ကြီးပျော်နေခဲ့တော့သည်။

*** *** ***

နောက်တစ်နေ့ <<အလှလေးနှင့်လျှာကဝေ>> အစီ အစဉ်ကို ရိုက်ကူးကြသောအခါတွင် မဲနှိုက်ခဲ့ပြီးနောက် စုယာယာ နံပါတ် ၃နေရာကိုသာ ရခဲ့ပြန်၏။ ပထမ Guests နှစ်ဉီးက ချက်ပြုတ်ပြီးစီးသွားခဲ့ကြပြီ။ သူတို့ လည်း ရှေးရှေးက Guests တွေလိုပါပဲ။ ငါးချက်ရင်ချက်၊ မဟုတ်ရင် ကြက်ပေါင်း ဒါမှမဟုတ် ဘဲပေါင်း။ မည်သို့ ပင်ဆိုစေကာမူ ဟိုအရင်က Guestsတွေနှင့် သိပ်မကွာ လှချေ။ တစ်ခုတည်းသောကွာခြားမှုက ဖြစ်နိုင်တာက တော့ နည်းစနစ်နှင့် အရသာသာ။

ထိုGuestsနှစ်ဉီး ချက်ပြုတ်ပြီးသွားသောအခါ စုယာ ယာအလှည့် ရောက်လာခဲ့၏။ ဖုန်မင်ကျန့်သည် Host နေရာအား သူတို့ မည်သို့မည်ပုံရခဲ့ကြောင်း သိထားသည် ကြောင့် စုယာယာအား မျက်နှာလိုမျက်နှာရလုပ်ချင် သည့် ရည်ရွယ်ချက်လေး ရှိသည်။ ရိုက်ကူးရေးမစခင် ကလည်း ဖုန်မင်ကျန့်က စုယာယာနှင့် စကားပြောဆိုရန် အထူးတလည်သွားရောက်ခဲ့သည်။ သူမ ဘာတွေချက် ပြုတ်မလဲဆိုတာ သိချင်သည်ဘာညာပေါ့ ။သို့သော် ပြုံးနေလျက်နှင့်ပင် သူတို့ မသိနေသယောက် အမေး စကားဆိုလာ၏။

"ဒီနေ့အတွက် ကျွန်မတို့အတွက် ယာယာက ဘယ် လို အစားအစာတွေများ ယူဆောင်လာပေးမလဲဆိုတာ သိချင်နေပါပြီနော်"

ဖုန်မင်ကျန့်သည် သူမကို ယာယာဟုခေါ်ကာ သူတို့ နှစ်ဉီးသည် ဆက်ဆံရေးကောင်းတစ်ခု ရှိထားသည့်နှယ် ရင်းနှီးသယောင်ပြုမူ၏။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now