Chapter 180(Uni&Zaw)

1.2K 99 6
                                    

အခန်း(၁၈၀)
“နာတယ်လေ”
စုယာယာသည် မျက်ခုံးတို့ကို တွန့်ချိုးထားပြီး နှုတ် ခမ်း ဆူထားရင်း သနားစရာလုပ်ပြသည်။
“နာမှန်းသိရင် ပေါက်ကရတွေ မပြောနဲ့လေ!”
ချန်ရှုံ့ချီသည် မှောင်မိုက်နေသော မျက်နှာထားနှင့် ပြောလာကာ သူမကို သတိပေးနေသည်။
“သိပါပြီ သိပါပြီရှင်”
စုယာယာကတော့ ခါတိုင်းလိုပင် စိတ်မပါ့တပါ့နှင့် ပြောနေ၏။ သူမ၏နှလုံးသားထဲမှာတော့ သူက သူမရဲ့ ရှူးဂါးဒယ်ဒီ ဖြစ်ကြောင်းကိုသာ တွေးနေသည်။ သူမ ပြောတာ မှားမှမမှားဘဲကို။ ဟီးဟီး။
ဆေးကြောသန့်စင်ဖို့ နာရီဝက်နီးပါးခန့် ကြာခဲ့၏။ စုယာယာက သူမရဲ့ဗိုက်ကို ပွတ်ပြကာ ချန်ရှုံ့ချီကို ချွဲ သည်။
“ယာယာ ဗိုက်ဆာပြီ”
ချန်ရှုံ့ချီ၏မျက်ခုံးတို့ ပင့်တက်သွားတော့၏။
“မင်း နေ့လည်စာ စားခဲ့လား?”
စုယာယာက ပြော၏။
“အင်း”
“ဘာစားခဲ့တာလဲ?”
ချန်ရှုံ့ချီက ထပ်မေးသည်။
စုယာယာ ပြန်ပြောသည်က
“ခရက်ကာနဲ့နွားနို့”
ချန်ရှုံ့ချီ၏အမူအရာက မကောင်းတော့ပေ။ သူမရဲ့ မျက်နှာကို အကြမ်းကြီးဖိညစ်ကာ စိတ်ဆိုးဆိုးနှင့် ပြော တော့သည်။
“မင်းကိုယ်မင်း ဘယ်လို ဆက်ဆံနေသလဲဆိုတာ ကြည့်စမ်း.. နေ့လည်စာတောင် ကောင်းကောင်းမွန်မွန် မစားဘူး.. မနက်စာလည်း လွတ်ခဲ့တယ်မလား?”
စုယာယာက သူ့ကို လှမ်းကြည့်ကာ မေးလိုက်၏။
“ကို ဘယ်လိုလုပ်သိတာလဲ?”
ချန်ရှုံ့ချီက ဟွန့်ခနဲလုပ်၏။ သူ ပြောနိုင်တယ်။ ထိုမိန်းမ တစ်နေကုန်အိပ်နေပြီး အခုမှသာ နိုးလာခဲ့တယ် ဆိုရင် အစားကိုလည်း ကောင်းကောင်းစားမှာ မဟုတ် ဘူး။ လိမ္မာတဲ့ကလေးမလေး မဟုတ်တော့ပေ။
“မြန်မြန်ပြင်ချည်တော့.. ကိုယ်မင်းကို စားဖို့အပြင် ခေါ်သွားပေးမယ်”
ချန်ရှုံ့ချီက ပြောခဲ့၏။
စုယာယာပျော်သွားသည်။ ချန်ရှုံ့ချီက သူမကို ချက် ပြုတ်ဖို့ပြောမလာခဲ့ဘဲ အဲ့အစား စားဖို့အပြင်ကို ခေါ် သွားပေးမည်တဲ့။ အရမ်းကောင်းတာပဲ။
“ယာယာတို့ ဘယ်သွားစားကြမှာလဲ?”
စုယာယာ အမြန်လျှောက်လာကာ သူ့လက်မောင်း ကို ဖက်တွယ်လိုက်တော့သည်။
ချန်ရှုံ့ချီက ခွန်းတုံ့ပြန်၏။
“ဘယ်မှာ စားချင်လဲ?”
စုယာယာက ခေါင်းကိုစောင်းငဲ့ကာ တွေးတောနေ ကာ ပြောလာ၏။
“ယာယာ ယာဂုစားချင်တယ်”
“အိုကေ” ချန်ရှုံ့ချီက ဆက်ပြောသည်။
“ယာဂု ကောင်းကောင်း လုပ်တတ်တဲ့ဆိုင်တစ်ခု ကိုယ် သိထားတယ်.. အဲ့သွားကြအောင်”
“အွန်း”
စုယာယာက ပျော်ပျော်ကြီး ခေါင်းညိတ်ပြသည်။ အဝတ်အစားအမြန်လဲ၍ မိတ်ကပ်ပြင်ကာ ချန်ရှုံ့ချီနှင့် အတူ အပြင်ထွက်လာခဲ့သည်။
သူတို့က ရွဲ့အုတ်ဂျုံယာဂုဆိုသည့် စားသောက်ဆိုင် သို့သွားခဲ့ကြ၏။ ထိုဆိုင်မှာက ဝက်နံရိုးယာဂု, ပုစွန်တုပ် ယာဂု,ဆေးစိမ်ကြက်ဉနဲ့ဝက်သားဆန်ယာဂုနှင့်မှိုကြက် သားယာဂုတို့ အလွန်နာမည်ကြီးလေသည်။ ပူတင်း ပေါက်စီ, ဝက်သားအစာသွပ်ပေါက်စီ, မှိုပေါက်စီ, ရွှေ ဖရုံသီးကိတ်, ရွှေကိတ်ပွ, စသည့်အစားအစာများလည်း လူသိများသလို အလွန်လည်းအရသာရှိလှသည်။
စားနေစဉ်အတွင်းမှာ စုယာယာ အိုင်ဒီယာတစ်ခု ရလာခဲ့၏။
“မနက်ဖြန် <<အလှလေးနှင့်လျှာကဝေ>> သွားရိုက် တဲ့အခါကျရင် ယာဂုနဲ့ ပေါက်စီလုပ်ရင်ကောင်းမလားလို့ ”
ချန်ရှုံ့ချီသည် ယာဂုတစ်ဇွန်း ခပ်သောက်လိုက်ရင်း သူမကို မော့ကြည့်လာကာ ပြော၏။
“အဲဒါတွေ ချက်ပြီး နိုင်သွားခဲ့ရင်တော့ ထူးခြား ဆန်းကျယ်တွေဖြစ်ကုန်တော့မှာပဲ!”
စုယာယာသည် သူ့စကားများကြောင့် ဒေါသထွက် မိသည်။ ဟမ့်ခနဲအသံပြုကာ လက်မခံနိုင်စွာခွန်းတုံ့ပြန် ၏။
“ယာယာကို မယုံရင်လည်း မနက်ဖြန်ကျ အဖြေ ကြည့်ကြတာပေါ့!”
ချန်ရှုံ့ချီ၏ နှုတ်ခမ်းထောင့်စွန်းတို့က ကော့တက် သွားကာ ခပ်ပါးပါးပြုံးပြလာ၏။
“ကောင်းပါပြီ, စောင့်နေပါ့မယ်ဗျာ”
စုယာယာက နှုတ်ခမ်းဆူထားကာ သူမစိတ်ထဲမှာ တော့ တီးတိုးရေရွတ်နေ၏။ အရသာခံနိုင်စွမ်းမရှိတဲ့ လူကြီး။
တူနှင့် အသားပေါက်စီတစ်လုံးကိုယူ၍ အကိုက် ကြီးကြီး တစ်ကိုက်ကိုက်စားလိုက်သည်။ ပေါက်စီ အသားက နူးညံ့နေကာ အသားတွေလည်း အများကြီးပါ ၏။ အရည်ကလည်းအရသာရှိလှသည်။ လုံးဝ စိတ်ကျေ နပ် စရာပါပဲ။
သူမတွေးမိလေလေ အတွေးစိတ်ကူးတို့က ဖြစ်နိုင် ချေ ပိုရှိလာလေလေပဲ။ စုယာယာ အစားကို ပြီးအောင် စားလိုက်ပြီးနောက် ချက်ချင်းပင် ဖုန်းကိုကောက်ကိုင်၍ စွင်လိန်ထံ ဖုန်းခေါ်လိုက်သည်။ သူမရဲ့မီနူးကိုပြောင်းလဲ မည့်အကြောင်းပြောပြလိုက်၏။ နဂို အတည်ပြုထား သည့် ဟင်းသုံးပွဲကို မချက်ချင်တော့ပေ။ သူမ ဝက်နံရိုး ယာဂု, ပေါက်စီနှင့် ပုစွန်မုန့်နှစ်အကြွပ်ကြော်တို့ကိုသာ ချက်တော့မည်။
ဟိုအရင် <<အလှလေးနှင့် လျှာကဝေ>> အစီအစဉ် မှာ ပါဝင်ခဲ့ကြသောGuestsတွေသည် နာမည်ကြီးဟင်း လျာအမျိုးမျိုးကိုသာ ချက်လိုကြသည်။ ထိုနည်းကသာ ဟင်းလျာကို အရသာရှိပုံပေါ်စေပြီး အများအာရုံကို ဖမ်းစားနိုင်ပေလိမ့်မည်။ အမှတ်ပေးကော်မတီက သူတို့ ရဲ့ဟင်းလျာတွေကို အမှတ်ပေးဆုံးဖြတ်သည့်အခါမှာ လည်း အမှတ်မြင့်မြင့် ပိုရနိုင်မည်ဖြစ်သည်။ ဒီရှိုးကို လာရောက်သည့်တစ်စုံတစ်ယောက်က သူတို့ ယာဂုနှင့် ပေါက်စီလုပ်ချင်ပါသည်ဟု ပြောလာခဲ့ဖူး သူမရှိခဲ့ဖူးချေ။ စွင်လိန်က ဤအရာကိုဆန်းသစ်ပြီး အလွန်စိတ်ဝင်စား စရာကောင်းသည်ဟု တွေးမြင်သည်။ ထို့ကြောင့် ချက် ချင်းပင် သဘောတူညီခဲ့၏။
“ဒီအကြံပြုချက်က အတော်လေးကောင်းမွန်တယ် လို့ ကျွန်တော်ထင်တယ်ဗျ.. မစ်အတွက် ပါဝင်ပစ္စည်း တွေ ပြင်ဆင်ထားပေးဖို့ အခုပဲ လုပ်ခိုင်းလိုက်ပါ့မယ်”
စွင်လိန်သည် ဒါကို အလုပ်ဖြစ်မည်ဟု ယူဆတာ ကြောင့် ချက်ချင်းပင် စီစဉ်ခိုင်းတော့သည်။
“အဲဒါဆို ကျေးဇူးပါရှင့်”
စုယာယာက ပျော်ရွှင်စွာပြော၏။
ဖုန်းပြောပြီးသည်နှင့် စုယာယာသည် ချန်ရှုံ့ချီအား မျက်ခုံးပင့်ပြကာ ဂုဏ်ယူစွာ ကြွားဝါ တော့သည်။
“ကြည့်, ပရိုဂျူဆာကတောင် ယာယာ့ရဲ့အိုင်ဒီယာ ကို ကောင်းတယ်တဲ့.. သေချာပေါက် မနက်ဖြန်ပြိုင်ပွဲမှာ ယာယာ နိုင်မှာ”
ချန်ရှုံ့ချီသည် ဇွန်းကို အောက်ချလိုက်ပြီးနောက် သူမကို နူးညံ့စွာ ကြည့်လာသည်။
“ဒီလိုဆိုမှတော့ မင်းလေးနိုင်ပါစေလို့ ကိုယ် ကြို ဆုတောင်းပေးလိုက်ပါတယ်နော်”
စုယာယာက ပျော်မြူးသွားကာ တပြုံးပြုံးနှင့် ပြော လာသည်။
“ဒီလိုကမှ ပိုကောင်းသေး”
                အခန်း ၁၈၁ (မျှော်)

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now