Chp 261-265 (Zawgyi)

386 6 0
                                    

အခန်း(၂၆၁)ဒီမှာပဲနေ, ဘယ်မှ လျှောက်မသွားနဲ့-၂

နေ့လည်စာစားပြီးနောက် စုယာယာ၏အပြင်းအ ထန် တောင်းဆိုမှုအောက်မှာ ချန်ရှုံ့ချီသည် သူ့ကတိကို တည်ဖို့လုပ်ရပြီး စုယာယာနှင့်အတူ ဈေးဝယ်ထွက်ဖို့ အဖော်လိုက်ပေးရသည်။

သူတို့သည် အိမ်နှင့်နီးရာ ရှော့ပင်မောလ်ဆီ သွားခဲ့ ကြ၏။ အမျိုးသမီးတွေဆိုတာ ဈေးဝယ်ထွက်ရတာ ကြိုက်ကြတယ်လေ။ စုယာယာသည် ရက်အတော်ကြာ ကြာ အပြင်မထွက်ခဲ့ရချေ။ အမျိုးသမီးအဝတ်အထည် ပိုင်းမှာ အဝတ်အစားအသစ်တွေ အများကြီးရောက်နေ တာကို မြင်တော့ အလွန့်အလွန်ကို စိတ်လှုပ်ရှားသွားပြီး ထိုနေရာကို သွားတော့သည်။ အဝတ်အစားလှလှလေး တွေ အကုန်လုံးကို ဝယ်ချင်ပေမယ့် တုံ့ဆိုင်းလို့နေ၏။

"လနည်းနည်းလောက်ဆို ကလေးလေးက ကြီးလာ ပြီး ယာယာရဲ့ဗိုက်ကလည်း ပူလာတော့မှာ.. အဲ့အခါကျ ရင် ဝိတ်တွေ တက်လာတော့မှာ.. ဝယ်ပြီးသွားရင်လည်း ဝတ်လို့ရမှာမဟုတ်တော့ဘူး"

စုယာယာသည် ထိုအချင်းအရာကို အရမ်းကို သောက ရောက်နေ၏။

ချန်ရှုံ့ချီသည် သူမကို နှစ်သိမ့်ပေး၏။

"ကိစ္စမရှိပါဘူးကွာ.. အခု ဝတ်လို့မရလည်း မွေးပြီး တဲ့အခါကျရင် ဝတ်ပေါ့"

စုယာယာသည် နှုတ်ခမ်းကို စူထားကာပြော၏။

"ကလေး မွေးပြီးတဲ့အခါကျရင်လည်း ဒီဇိုင်းအသစ် တွေ စတိုင်အသစ်တွေ ထွက်လာတော့မှာ.. အကုန်လုံး ကို ထပ်ပြီးတော့ ဝယ်ချင်နေရင် ဘယ်လိုလုပ်မလဲ?"

စုယာယာသည် သူမ အားလုံးကို ထပ်ဝယ်ချင်တယ် လို့ပြောနေတုန်းမှာ အရမ်းကိုချစ်ဖို့ကောင်းနေ၏။ ချန်ရှုံ့ ချီက တခစ်ခစ်ရယ်ကာ ပြောသည်။

"ကလေးလေး မွေးပြီးလို့ စတိုင်အသစ်တွေ ထွက် လာရင်လည်း ထပ်ဝယ်ပေါ့.. ဘာပဲပြောပြော ကိုယ်တို့က ငွေကြေးကျပ်တည်းနေတာမျိုးလည်း မဟုတ်ဘူးလေ"

သူ၏စကားလုံးရဲရဲတွေကို ကြားတော့ စုယာယာဟာ ပျော်မြူးသွားပြီး ပြော၏။

"အဲဒါဆို အကုန်ဝယ်လိုက်မယ်နော်"

ချန်ရှုံ့ချီသည် သူမရဲ့ပါးလေးကို လှမ်းညှစ်ကာ သူ၏ အကြည့်တို့က အချစ်တွေနှင့် ပြည့်နှက်နေသည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Donde viven las historias. Descúbrelo ahora