Chp 225(U&Z)

1K 70 3
                                    

Unicode

အခန်း(၂၂၅) အပြစ်ပေးခြင်း-၁

အားလုံးက စိုက်ကြည့်နေကြသဖြင့် စုယာယာ ရှက်မိသွားသည်။ သူတို့တွေ တစ်စုံတစ်ခု သိရှိသွားမည် စိုးတာကြောင့် တောင်းတောင်းပန်ပန် ရယ်မောရင်း ဆင်ခြေတစ်ခု ရှာလိုက်သည်။

"ယာယာလည်း ပါချင်ပေမယ့် သိပ်နေမကောင်းလို့ .. ယာယာရဲ့ဝန်ထမ်းတွေကို ပါခိုင်းလိုက်မယ်လေ?"

ချန်ရှုံ့ချီက သူမကို ကာကွယ်မပေးတော့ဘူးလို့ မည် သူ သိခဲ့မှာလဲ။ သူက မေးလာ၏။

"မင်းရဲ့ဝန်ထမ်းတွေ ပါလာမှာကို ကိုယ်ကတော့ အဆင်ပြေပါတယ်.. ဒါပေမယ့် သူတို့ရှုံးသွားခဲ့ရင်ရော?"

စုယာယာက သူ့ကိုလှည့်ကြည့်ပြီး တောတွင်းအစစ် အမှန်ရှင်သန်မှုဂိမ်းမှာ မပါဝင်ဖို့ ပညာသားပါပါ ငြင်းပယ် ဖို့အလို့ငှာ ပြောလိုက်ခဲ့ရုံသက်သက်ဟု တွေးနေသည်။ စောနကလေးကတင် ချန်ရှုံ့ချီသည် သူမကို ကာကွယ် ပေးနေခဲ့ပြီး ဘာဖြစ်လို့ ရုတ်တရက်ကြီး တအားတုံးသွား ရတာတုန်း? ဒီလိုခပ်တုံးတုံးမေးခွန်းကိုတောင် မေးပြီး သူမကို ဆွဲချလိုက်သေး၏။

သူမ တောတွင်းအစစ်အမှန် ရှင်သန်မှုဂိမ်းကို မကစားချင်ပါဘူးလို့ပြောဖို့က အခက်တွေ့လှသည်လေ။ ထို့ကြောင့် ပြန်တုံ့ပြန်လိုက်၏။

"သေချာပေါက် ယာယာအစား ဝင်ကစားပေးတဲ့သူ ရှုံးခဲ့ရင် ယာယာက အပြစ်ဒဏ်ခံမှာပါ"

"အိုကေ"

ချန်ရှုံ့ချီဟာ ချက်ချင်း သဘောတူ၏။ ခေါင်းညိတ် ပြပြီး ပြောသည်။

"အဲဒါဆို မင်းက အဖွဲ့ထဲ ပါနိုင်ပြီ.. မင်းအတွက် အစားပါပေးဖို့ ယုံရတဲ့သူကို ရှာခဲ့ချည်"

ထို့နောက် သူက အခြားသူများကို မေး၏။

"မင်းတို့ကောင်တွေ ကန့်ကွက်စရာရှိလား?"

"မရှိပါဘူး"

အရင်ဆုံး ရွှီချောင်ရန်က ပြောသည်။ စုယာယာ ပါဝင်လာသည်ကို သူအတော်လေး ပျော်နေ၏။

အရေးပါဆုံးသောလူက ကန့်ကွက်စရာမရှိဘူးဆိုတဲ့ နောက် ချန်ရှုံ့ချီက ရွှီချုံခွင့်နှင့်ယန်ကျွင်ရိတို့ကို မေး လိုက်တော့ သူတို့ကလည်း တောတွင်းရှင်သန်မှုဂိမ်းကို ကစားချင်သည်ဟု ဆိုသည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now